အီထယ်ဝန်ဖြစ်ရပ်ကို စာနာထောက်ထားသောအားဖြင့် သူမရဲ့ မင်္ဂလာပွဲကို ရွှေ့ဆိုင်းပေးလိုက်တဲ့ Honey J

ပရော်ဖက်ရှင်နယ် Dancer တစ်ယောက်လည်းဖြစ်၊ တီဗွီအစီအစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်တဲ့ Honey J ဟာဆိုရင် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၉ ရက်နေ့ညတုန်းက အီထယ်ဝန်မှာဖြစ်ပေါ်သွားခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကို စာနာထောက်ထားသောအားဖြင့် မူလကျင်းပဖို့စီစဉ်ထားတဲ့ သူမရဲ့ မင်္ဂလာပွဲကို ရွှေ့ဆိုင်းပေးလိုက်တယ်လို့ သိရပါတယ်။
မူလတုန်းကတော့ သူမဟာ မင်္ဂလာပွဲကို နိုဝင်ဘာလ ၄ ရက်နေ့မှာ ကျင်းပဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ပေမယ့်လည်း အီထယ်ဝန်ဖြစ်ရပ်မှာ ကွယ်လွန်သွားခဲ့တဲ့သူတွေအတွက် ထောက်ထားတဲ့အနေနဲ့ အဆိုပါမင်္ဂလာပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့ဆီကို ပြောင်းရွှေ့လိုက်ကာ ဒီအကြောင်းကိုတော့ သူမက အင်စတာဂရမ်စတိုရီကနေတစ်ဆင့် အခု နိုဝင်ဘာလ ၃ ရက်နေ့တုန်းက အသိပေးခဲ့တာတွေ့ရပါတယ်။
Honey J ဟာ သူမမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းနဲ့ မင်္ဂလာပွဲပြုလုပ်သွားမယ့်အကြောင်းတွေကိုတော့ အခု ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
Ref : Soompi
Nemo