သူမကို သရဲတစ်ကောင်က နေ့တိုင်းခြောက်လှန့်နေတယ်လို့ ဆိုလာခဲ့တဲ့ Lisa

Lisa ကတော့ iHeart Radio မှာ သူမရဲ့  ရယ်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလာခဲ့ပါတယ်။

BLACKPINK နောက်ဆုံးထွက် album “Born Pink” ကို ပရိုမိုးရှင်းပြုလုပ်ရန်အတွက် US က iHeart Radio မှာ ဧည့်သည်အဖြစ် ပါဝင်လာခဲ့စဥ်မှာ Lisa က သူမအိမ်က “သရဲတစ္ဆေ” အကြောင်း ဇာတ်လမ်းကို ပြောပြခဲ့တာပါ။

သူမက “ကျွန်မအိမ်မှာ အာရုံခံ အမှိုက်ပုံးရှိတယ်။ အဲဒါကို ထိလိုက်တာနဲ့ “win” လို့ ပြောပြီး သူ့ဘာသာသူ ထပွင့်ပါလိမ့်မယ်။ အဲဒီတုန်းက ကွန်ပြူတာရှေ့မှာ ထိုင်နေရင်း အမှိုက်ပုံးက အလိုအလျောက် “win” ဆိုပြီး သူ့ဘာသာ ပွင့်သွားပါလေရော။”

Lisa က ဆက်ပြီး “အစကတော့ ကျွန်မကြောင်က အဲဒါကို ဖြတ်ပြေးနေတာ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မရှိနေဘူး။ 5-10 မိနစ်တိုင်း ဒီလိုပဲ အဖွင့်အပိတ် ထထလုပ်တယ်။” လို့ ပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ကြားတော့ DJ က “မင်းအိမ်က အရင်ကရော သရဲခြောက်တဲ့ ရာဇဝင်ရှိလား။ ဒါမှမဟုတ် ပစ္စည်းတွေကို စွန့်ပစ်ရတာကြိုက်တဲ့ သပ်ရပ်တဲ့ သရဲတစ္ဆေ ရှိကောင်းရှိနိုင်မလား” လို့ မေးမြန်းလာခဲ့ပါတယ်။

Lisa က “အဲ့တာတော့မသိဘူး၊ ဒါပေမယ့် သရဲလိုမျိုးရှိနေတာကတော့ ခံစားမိပါတယ်။ ဒီလိုပဲ နေနေတာ။ အော် သူတို့လည်း ပျင်းလို့ လျှောက်ဆော့တာပဲ နေမှာပါလေလို့ပဲ တေဂလိုက်တယ်” လို့ ပြန်ဖြေခဲ့တာကြောင့် အာဂသတ္တိခဲ Lisa လေးလို့ BLINK တွေကတော့ အမည်ပြောင်ပေးလိုက်ကြပါပြီ။

သူမကို သရဲတစ်ကောင်က နေ့တိုင်းခြောက်လှန့်နေတယ်လို့ ဆိုလာခဲ့တဲ့ Lisa

Lisa ကတော့ iHeart Radio မှာ သူမရဲ့  ရယ်စရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြလာခဲ့ပါတယ်။

BLACKPINK နောက်ဆုံးထွက် album “Born Pink” ကို ပရိုမိုးရှင်းပြုလုပ်ရန်အတွက် US က iHeart Radio မှာ ဧည့်သည်အဖြစ် ပါဝင်လာခဲ့စဥ်မှာ Lisa က သူမအိမ်က “သရဲတစ္ဆေ” အကြောင်း ဇာတ်လမ်းကို ပြောပြခဲ့တာပါ။

သူမက “ကျွန်မအိမ်မှာ အာရုံခံ အမှိုက်ပုံးရှိတယ်။ အဲဒါကို ထိလိုက်တာနဲ့ “win” လို့ ပြောပြီး သူ့ဘာသာသူ ထပွင့်ပါလိမ့်မယ်။ အဲဒီတုန်းက ကွန်ပြူတာရှေ့မှာ ထိုင်နေရင်း အမှိုက်ပုံးက အလိုအလျောက် “win” ဆိုပြီး သူ့ဘာသာ ပွင့်သွားပါလေရော။””

Lisa က ဆက်ပြီး “အစကတော့ ကျွန်မကြောင်က အဲဒါကို ဖြတ်ပြေးနေတာ ဖြစ်နိုင်တယ်လို့ ထင်ခဲ့ပေမယ့် လှည့်ကြည့်လိုက်တော့ ဘယ်သူမှ မရှိနေဘူး။ 5-10 မိနစ်တိုင်း ဒီလိုပဲ အဖွင့်အပိတ် ထထလုပ်တယ်။” လို့ ပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ကြားတော့ DJ က “မင်းအိမ်က အရင်ကရော သရဲခြောက်တဲ့ ရာဇဝင်ရှိလား။ ဒါမှမဟုတ် ပစ္စည်းတွေကို စွန့်ပစ်ရတာကြိုက်တဲ့ သပ်ရပ်တဲ့ သရဲတစ္ဆေ ရှိကောင်းရှိနိုင်မလား” လို့ မေးမြန်းလာခဲ့ပါတယ်။

Lisa က “အဲ့တာတော့မသိဘူး၊ ဒါပေမယ့် သရဲလိုမျိုးရှိနေတာကတော့ ခံစားမိပါတယ်။ ဒီလိုပဲ နေနေတာ။ အော် သူတို့လည်း ပျင်းလို့ လျှောက်ဆော့တာပဲ နေမှာပါလေလို့ပဲ တေဂလိုက်တယ်” လို့ ပြန်ဖြေခဲ့တာကြောင့် အာဂသတ္တိခဲ Lisa လေးလို့ BLINK တွေကတော့ အမည်ပြောင်ပေးလိုက်ကြပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

x