၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အသက် ၁၈ ပြည့် မွေးနေ့ပွဲလားလို့ အထင်မှားစေခဲ့တဲ့ Zhao Liying ရဲ့ အလှတရား
၃၅ နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ အသက် ၁၈ ပြည့် မွေးနေ့ပွဲလားလို့ အထင်မှားစေခဲ့တဲ့ Zhao Liying ရဲ့ အလှတရား
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ မင်းသမီး Zhao Liying ဟာ သူမရဲ့ ၃၅ နှစ်မြောက်မွေးနေ့ကို ပူဖောင်းငယ်လေးတွေနဲ့ ခမ်းခမ်းနားနားလေး ကျင်းပခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတွေကို ဖိတ်ကြားခဲ့ပါတယ်။
မွေးနေ့ပွဲမှာတော့ မင်းသမီးချောက ပေါ့ပေါ့ပါးပါး ၀တ်စားထားပြီး မွေးနေ့ကိတ်နားမှာ ပျော်ရွှင်စွာ ပြုံးနေတာကို တွေ့ရမှာပါ။ Liying ရဲ့ အလှတရားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ သူမရဲ့ ၁၈ နှစ်မြောက် မွေးနေ့လားလို့ အံ့အားသင့် မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။
ပရိတ်သတ် တော်တော်များများက ဓာတ်ပုံကို ကြည့်လိုက်ရင် မင်းသမီးရဲ့ အသက်အစစ်အမှန်ကို ခန့်မှန်းလို့မရနိုင်ဘူးလို့ သုံးသပ်နေကြတာပါ။
အင်တာနက် အသုံးပြုသူတွေကလည်း သူမဟာ အသက် ၁၈ နှစ် ဒါမှမဟုတ် ၂၀ နှစ်လောက်သာရှိသေးတယ်လို့ နုပျိုလှပနေမှုတွေကို ချီးမွမ်းထားကြပေမယ့် သိသိသာသာကိုပဲ အသက်တစ်နှစ်ကြီးတိုင်း Liying က အလှဆုံး ဖြစ်လာခဲ့ပါတယ်။
မင်းသမီးချောဟာ အသက် ၃၅ နှစ်အရွယ် ကလေး မိခင်တစ်ယောက် ဖြစ်နေပေမဲ့ ကွာရှင်းပြီးနောက် သိသိသာသာပိုပဲ ယခင်ကထက် ပိုမိုလှပပြီး နုပျိုလာခဲ့တယ်လို့ သူ့ခင်ပွမ်းဟောင်းနဲ့ ပရိသတ်တွေက နှိုင်းယှဉ်မှုများလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။
ဆန့်ကျင်ဘက်အားဖြင့် သူမ ခင်ပွန်းဟောင်း Feng Shaofeng ကတော့ ကိုယ်အလေးချိန်တက်လာသလို မျက်နှာလည်းဖော်လာခဲ့ပုံပေါ်ပါတယ်။