K-Pop Idol ဖြစ်ဖို့ ကြိုးစားနေကြတဲ့လူငယ်တွေအတွက် စကားလက်ဆောင်ပါးလာခဲ့တဲ့ RM

K-Pop Idol ဖြစ်ဖို့ ကြိုးစားနေကြတဲ့လူငယ်တွေအတွက် စကားလက်ဆောင်ပါးလာခဲ့တဲ့ RM

ကမ္ဘာ့အအောင်မြင်ဆုံး K-Pop အဖွဲ့ဖြစ်တဲ့ BTS ရဲ့ ခေါင်းဆောင် RM ဟာ သူ့ရဲ့ထက်မြက်မှု၊ ဉာဏ်ရည်ကွန့်မြူးမှု၊ အသိပညာကြွယ်ဝမှုနဲ့ စကားပြောပါးနပ်မှုတွေကြောင့် လူအများကို အာရုံစိုက်စေခဲ့တဲ့ သြဇာလွှမ်းမိုးနိုင်သူတစ်ယောက်ပါ။

မကြာသေးမီက RM ဟာ အဆိုတော် Pharrell နဲ့ Rolling Stone မဂ္ဂဇင်းရဲ့ photoshoot မှာ ပါဝင်ခဲ့ပြီးနောက် အင်တာဗျူးတစ်ခုမှာ အနုပညာလောကထဲက ပြဿနာများစွာကို ဆွေးနွေးခဲ့ကြပါတယ်။

RM က အနုပညာနယ်ပယ်မှာ အထူးသဖြင့် K-Pop မှာ ကောင်းတာတွေရော ဆိုးတာတွေပါရှိတယ်လို့ ပြောလို့ရပါတယ်။ သူ့အတွက်ကတော့ rapper တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး အခုအချိန်အထိ အခြေအနေမျိုးရဖို့ အများကြီး ဖြတ်သန်းခဲ့ရတာလို့ ဆိုထားပါတယ်။

ဒါ့အပြင် RM က ဂီတတန်ဖိုးကို နားလည်ပြီး လူလူချင်း အမြဲလေးစားတတ်တဲ့ CEO နဲ့တွေ့ခဲ့ရတာကြောင့် ကံကောင်းပါတယ်လို့ ဆိုခဲ့ပြီး အထူးသဖြင့် ဒီနယ်ပယ်မှာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုနဲ့ မေတ္တာတရားတို့က အရေးပါတယ်လို့ ပြောကြားထားခဲ့ပါတယ်။

RM အနေနဲ့လည်း သူဟာ လူတွေကို တန်းတူ တန်ဖိုးထားသူဖြစ်ပြီး သူ့ကိုယ်သူ ကြီးမြတ်တယ်လို့ ဘယ်တော့မှ မတွေးဖူးကြောင်း၊ သူဟာ ဂီတကို ဖန်တီးသူ၊ ပရိသတ်တွေရှေ့မှာ ဖျော်ဖြေနေသူ တစ်ဦးသာဖြစ်တယ်လို့ သူ့ရဲ့ကျော်ကြားမှုတွေကို စိတ်ထဲမထားကြောင်း ပြောပြလာခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ သူက K-Pop Idol ဖြစ်ဖို့ ကြိုးစားနေသူ လူငယ်တွေအတွက် စကားလက်ဆောင် အနည်းငယ်ပါးလာခဲ့ပြီး အထူးသဖြင့် အဆင်သင့်ဖြစ်အောင် လေ့ကျင့်နေတဲ့သူတွေအတွက် RM က အခုလို ရည်ရွယ်လာခဲ့ပါတယ်။

RM က မင်းရဲ့တန်ဖိုးကို မမေ့ပါနဲ့၊ မင်းမှာ ဒီနယ်ပယ်က အလုပ်တစ်ခုရှိတယ်၊ ဒါပေမယ့် တခြားသူတွေကို ကူညီပေးနိုင်မယ့်အရာတွေကို စဉ်းစားဖို့ မမေ့ပါနဲ့။ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားရမယ်၊ ကြင်နာရမယ်၊ ကူညီရမယ်၊ မင်းတို့အိပ်မက်တွေ သွားရာလမ်းမှာ ဒါက အရေးကြီးဆုံးပါပဲလို့ ဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x