လက်ထပ်ဖို့မကျင်းပမီမှာ အတော်လေးပင်ပန်းနေခဲ့ပုံရတဲ့ Ji Yeon ကြောင့် ပရိသတ်တွေ ပူပန်နေခဲ့ရ

လက်ထပ်ဖို့မကျင်းပမီမှာ အတော်လေးပင်ပန်းနေခဲ့ပုံရတဲ့ Ji Yeon ကြောင့် ပရိသတ်တွေ ပူပန်နေခဲ့ရ

မင်းသမီး Ji Yeon ဟာ သူမရဲ့ ပျော်ရွှင်စရာ မင်္ဂလာပွဲနေ့ကို ကြေညာပြီးနောက်ပိုင်း စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အများကြီး ကြုံလာပုံရတာကြောင့် ပရိသတ်တွေ တော်တော်များများကို စိုးရိမ်ပူပန်စေခဲ့ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က သူမရဲ့ YouTube video အရ Ji Yeon ဟာ မျက်နှာလေး အတော်နွမနေခဲ့သလို ပရိသတ်တွေနဲ့ စကားစမြည်ပြောရင်း စားပွဲပေါ်မှာ အိပ်ငိုက်နေခဲ့တာကို ပရိသတ်တွေက တွေ့ရှိခဲ့ရတာပါ။

Ji Yeon က အိပ်ငိုက်နေတဲ့ မျက်လုံးတွေနဲ့ “ကျွန်မ တကယ်အိပ်ချင်နေပြီ၊ နေ့လယ်စာစားပြီးရင် မင်းတို့ ငိုက်တတ်ကြလား။ အခုဟာက တကယ်ကို အကျင့်ဆိုးတစ်ခုလို ဖြစ်နေတယ်။ နေ့လည်စာ စားပြီးရင် ဘာမှလုပ်စရာမရှိဘူး။ အရမ်းအိပ်ငိုက်တာပဲ” လို့ ပရိသတ်တွေကို ပြောကြားလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ သူမက “ကျွန်မ ခန္ဓာကိုယ်က အရမ်းပင်ပန်းတယ်လို့ ခံစားနေရတယ်။ ကိုယ့်ပတ်ဝန်းကျင်ကပဲ မကြာသေးခင်ကမှ ဖိအားတွေ ကြုံခဲ့ရပြီး စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။”

“အခုနောက်ပိုင်း အရမ်းစိတ်ဖိစီးနေတယ်။ ငသွေးစီးဆင်းမှုလည်း အားမကောင်းနိုင်တော့ဘဲ အကြောင်းပြချက်မရှိ ရောဂါလက္ခဏာတွေ အများကြီးပြနေတယ်” လို့ ဆိုသွားရာမှာတော့ ပရိသတ်တွေက ပူပန်ခဲ့ကြရပါတော့တယ်။

K-Pop ကြယ်ပွင့်က “စိတ်ဖိစီးမှုတွေနဲ့ အစာစားချိန် မမှန်တာတွေကြောင့် အစာအိမ်ဆေးကို နှစ်အတော်ကြာ မှီခိုခဲ့ရတာပါ။ ပထမတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကြောင့် ထပ်ခါထပ်ခါ အစာရှောင်ခဲ့တယ်။” လို့လည်း သူမရဲ့ ကျန်းမာရေး အခြေအနေကို ပရိသတ်တွေထံ တင်ပြလာခဲ့ပါတယ်။

မကြာသေးမီက Ji Yeon ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားကြောင်း ပရိသတ်တွေကို ကြေညာထားခဲ့တာဖြစ်လို့ ရလဒ်အနေနဲ့ Ji Yeon ကို မင်္ဂလာပွဲမတိုင်ခင် စိတ်ဖိစီးမှုတွေ အရမ်းများနေမှာကို ပရိသတ်တွေက စိုးရိမ်ခဲ့ကြပြီး ကျန်းမရေးကိုလည်း ဂရုစိုက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x