Itaewon ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမည်းရောင်ဝတ်စုံတွေကိုဝတ်ဆင်ခဲ့ကြတဲ့ အနုပညာရှင်များ

Itaewon ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အမည်းရောင်ဝတ်စုံတွေကိုဝတ်ဆင်ခဲ့ကြတဲ့ အနုပညာရှင်များ

ကိုရီးယား နာမည်ကြီးတွေဟာ Itaewon အဖြစ်ဆိုးအတွက် ဝမ်းနည်းပူဆွေးနေကြပြီး အင်ချွန်းလေဆိပ်မှာ အနက်ရောင်အားလုံးကို ၀တ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

Kwon Eun Bi, The Boyz, Park Eun Bin ၊ WEi အစရှိတဲ့ နာမည်ကြီး အနုပညာရှင်တွေက နိုင်ငံရပ်ခြားမှာ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဆက်လုပ်နေချိန်မှာ ဝမ်းနည်းကြောင်း ပြသမှုတွေကို လေဆိပ်မှာ မြင်တွေ့ခဲ့ရပါတယ်။

Park Eun Bin ဟာ သူမရဲ့ Asian Fan Meeting ခရီးစဉ်အတွက် နိုဝင်ဘာလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီးဟာ တစ်ကိုယ်လုံး အနက်ရောင် ၀တ်ဆင်ထားပြီး စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းခြင်း မပြုခဲ့ဘဲ ခေါင်းငုံ့ကာ ငြိမ်သက်စွာ ဦးညွှတ်နေသည်ကို မြင်တွေ့ခဲ့ရပါတယ်။

WEi အဖွဲ့ဝင်တွေကလည်း အနက်ရောင်ကို ၀တ်ဆင်ထားပြီး ရွှင်ပြနေခြင်းမရှိခဲ့တာကို နိုဝင်ဘာ ၃ ရက်က ဂျပန်နိုင်ငံ အိုဆာကာမြို့ကို သွားတဲ့ လေဆိပ်မှာ တွေ့မြင်ခဲ့ရတာပါ။

ATEEZ အဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ ကမ္ဘာ့လှည့် ဖျော်ဖြေရေးခရီးစဉ် ‘ATEEZ WORLD TOUR [THE FELLOWSHIP: BREAK THE WALL]’ ကို ထွက်ခွာရာ နိုဝင်ဘာလ ၃ ရက်နေ့မှာ အနက်ရောင်တွေကို ဝတ်ဆင်ထားခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

The Boyz တို့ကလည်းလည်း ဝမ်းနည်းခြင်းမှာ ပါဝင်ခဲ့ကြပြီး ‘ THE BOYZ JAPAN TOU: THE B-ZONE’ အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ထွက်ခွာမယ့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အနက်ရောင်တွေကို ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။

တစ်ကိုယ်တော် အဆိုတော် Kwon Eun Bi ကလည်း သူမရဲ့ ပထမဆုံး တစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲအတွက် နိုဝင်ဘာ ၂ ရက်က ဂျပန်နိုင်ငံသို့သွားရောက်စဉ်မှာ အနက်ရောင်ဂျာကင်အင်္ကျီနဲ့ အနက်ရောင်စကတ်တို့ကို ၀တ်ဆင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ Itaewon ဝမ်းနည်းပူဆွေးဖွယ် ဖြစ်ရပ်ဆိုးမှာ လူပေါင်း ၁၅၆ ဦး သေဆုံးခဲ့ပြီး အနုပညာရှင်များစွာကလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်မှာ ဆက်လက်ပါဝင်ဆင်နွှဲနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x