ချစ်သူ Guan Xiaotong နဲ့ လက်ထပ်လိုက်ပြီလို့ သတင်းထွက်နေတဲ့ EXO အဖွဲ့ဝင်ဟောင်း Luhan

လတ်တလောတရုတ်နိုင်ငံအတွင်းမှာ ပျံ့နှံ့နေလျက်ရှိတဲ့ သတင်းတစ်ခုကတော့ EXO ကနေ ထွက်ခွာခဲ့ပြီးနောက် တရုတ်နိုင်ငံမှာပဲ အခြေချလှုပ်ရှားနေခဲ့တဲ့ Luhan ဟာဆိုရင် သူ့ရဲ့ ချစ်သူမိန်းကလေးဖြစ်တဲ့ Guan Xiaotong နဲ့ တရားဝင်လက်ထပ်လိုက်ပြီဖြစ်တယ်ဆိုတဲ့ သတင်းပါပဲ။
Luhan နဲ့ သရုပ်ဆောင်မင်းသမီး Guan Xiaotong တို့ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတည်းက ချစ်သူတွေအဖြစ် အတိအလင်းကြေညာခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းကဆိုရင် ဒီသတင်းက ပရိသတ်တွေအကြားမှာ ဟိုးလေးတကျော်ကျော်နဲ့ နာမည်ကြီးခဲ့တဲ့သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းကတော့ ပရိသတ်တွေအများစုက သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ တိုတောင်းလိမ့်မယ်လို့ပဲ ထင်ကြေးပေးခဲ့ကြပေမဲ့ နှစ်တွေကြာလာသည်နဲ့အမျှ သူတို့နှစ်ဦးအကြားက သံယောဇဉ်တွေကလည်းခိုင်မာလာခဲ့ပြီး အခု ၂၀၂၂ ခုနှစ်မှာတော့ လက်ထပ်လိုက်ကြပြီဖြစ်တယ်ဆိုတဲ့ သတင်းကလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
တရုတ်နိုင်ငံအခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ ETtoday နဲ့ HK01 တို့ကတော့ Luhan နဲ့ Guan Xiaotong တို့ဟာ လက်ရှိအချိန်မှာ တရားဝင်လက်ထပ်မှတ်ပုံတင်ပြီးတဲ့ ဇနီးမောင်နှံတွေဖြစ်သွားကြပြီဖြစ်တယ်လို့ ရေးသားဖော်ပြထားကြပြီး ဒီသတင်းနဲ့ပတ်သက်ပြီးတော့လည်း Screenshot တစ်ခုကို ထုတ်ပြလာခဲ့တာတွေ့ရပါတယ်။
အဆိုပါ Screenshot အရဆိုရင် Luhan နဲ့ Guan Xiaotong တို့ဟာ သူတို့ရဲ့ ကြင်စဦးနေအိမ်ကို ဝယ်ယူခဲ့ကြပြီးပြီဖြစ်ကြောင်း၊ Covid 19 အခြေအနေကြောင့် အရင်ဆုံးလက်ထပ်မှတ်ပုံတင်ရခြင်းဖြစ်ပြီး မင်္ဂလာသတင်းကိုတော့ လာမယ့်နှစ်အစပိုင်းမှာ တရားဝင်ကြေညာသွားမှာဖြစ်ကြောင်း သိရပါတယ်။
အင်တာနက်စာမျက်နှာတွေမှာတော့ ဒီသတင်းတွေဟာ ပျံ့နှံ့လူပြောနေကြပေမယ့်လည်း နှစ်ဖက်စလုံးရဲ့ စတူဒီယိုတွေဘက်ကတော့ အဆိုပါသတင်းတွေအကြောင်းကို အတိအလင်းဖြေရှင်းပေးခြင်းမျိုး မရှိသေးပါဘူး။
Ref : GStarLive
Nemo