TREASURE ကနေ နှုတ်ထွက်သွားခဲ့ကြတဲ့ Bang Yedam နဲ့ Mashiho
TREASURE ကနေ နှုတ်ထွက်သွားခဲ့ကြတဲ့ Bang Yedam နဲ့ Mashiho
Treasure အဖွဲ့ဟာ အဖွဲ့ဝင် ၁၂ ယောက်နဲ့ ပွဲဦးထွက်သွားခဲ့တာဖြစ်ပြီး မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Comeback မတိုင်မီ အဖွဲ့ဝင် Bang Yedam နဲ့ Mashiho တို့ဟာ အချိန်အကန့်အသက်မရှိ Hiatus ပြုလုပ်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Bang Yedam နဲ့ Mashiho တို့အနေနဲ့ လာမဲ့ comeback မှာလည်း ပါဝင်ဦးမှာ မဟုတ်ကြောင်း YG က ကြေညာခဲ့တာပါ။ ယနေ့မှာတော့ YG Entertainment ဟာ Bang Yedam နဲ့ Mashiho တို့ဟာ TREASURE အဖွဲ့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
November လ 8 ရက်နေ့မှာ YG မှ TREASURE ဟာ Hyunsuk, Jihoon, Yoshi, Junkyu, Jaehyuk, Asahi, Doyoung, Haruto, Jeongwoo, နဲ့ Junghwan တို့ အဖွဲ့ဝင် ဆယ်ယောက်နဲ့သာ ဆက်လက်ရှေ့ဆက်တော့မှာဖြစ်ကြောင်း တရားဝင်စာထုတ်ခဲ့ပါတယ်။
အချိန်ကြာရှည်စွာ ဆွေးနွေးပြီးနောက် Mashiho နဲ့ Bang Ye Dam တို့ဟာ YG နဲ့ စာချုပ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။
Mashiho အနေနဲ့ သူ့ရဲ့ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်နေတာဖြစ်ပြီး Bang Ye Dam ကတော့ Producer ကောင်းတစ်ယောက်ဖြစ်လာဖို့ ပိုမိုသင့်တော်တဲ့ ပတ်ဝန်းကျင်လိုအပ်တဲ့အတွက် ဒီလိုဆုံးဖြတ်ချက်ကို ချခဲ့တာလို့ YG က ဖော်ပြထားပါတယ်။
YG ကလည်း Bang Ye Dam နဲ့ Mashiho တို့ ပြန်အလာကို စောင့်နေမဲ့ ပရိတ်သတ်တွေအတွက် စိတ်မကောင်းဖြစ်ကြောင်း ဖော်ပြခဲ့ပြီး TREASURE အဖွဲ့အပြင် ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ကြတော့မဲ့ Bang Ye Dam နဲ့ Mashiho တို့ကိုလည်း ဆက်လက် Support ပေးသွားဖို့ တောင်းဆိုထားပါတယ်။