စိတ်ကူးယဥ် အချစ်ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ Kim So Hyun

နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ မင်းသမီးချော Kim So Hyun ရဲ့ အေဂျင်စီ Yeum Hashtag က “Kim So Hyun ဟာ ‘Useless Lie’ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်သွားပါမယ်” လို့ အတည်ပြုခဲ့ပါတယ်။

စိတ်ကူးယဉ်၊ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ အချစ်ဇာတ်လမ်းတို့ ပေါင်းစပ်ထားတဲ့ ‘Useless Lies” ဇာတ်လမ်းတွဲဟာ လူတိုင်းရဲ့ အလိမ်အညာ မုသားတွေကို ကြားနေရတဲ့ သဘာဝလွန် စွမ်းအားရှိသူ Mok Sol Hee (Kim So Hyun) လို့ ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဇာတ်လမ်းကို ပုံဖော်ထားပါတယ်။

ဒီစွမ်းရည်ကြောင့် Mok Sol Hee က ဘယ်သူ့ကိုမှ မယုံကြည်ပါဘူး။ တစ်နေ့မှာတော့ သူမဟာ လူသတ်မှုဖြင့် တရားစွဲခံထားရသော အမျိုးသားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး Mok Sol Hee က လွဲလို့ ထိုလူဟာ အပြစ်ကင်းကြောင်း ဘယ်သူကမှ မယုံပေးကြပါဘူး။

ဒီလို သံသယတွေကြားထဲက သူတို့နှစ်ယောက်ရဲ့ chemistry က ဘယ်လိုမျိုး ကြီးထွားလာမလဲ၊ ပရိသတ်တွေကို ဘယ်လိုမျိုး plot twist မျိုးတွေနဲ့ ဆွဲဆောင်သွားမလဲဆိုတာကိုတော့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ ကြည့်ရှုသွားနိုင်ပါတော့မယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

x