ခက်ခဲကြမ်းတမ်းတဲ့ဘဝပေးအခြေအနေကြောင့် စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတဲ့ Sistar အဖွဲ့ဝင်ဟောင်း Bora

အဆိုတော် Idol အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ Sistar အဖွဲ့ဝင်ဟောင်း Bora ဟာဆိုရင် လက်ရှိအချိန်မှာ သရုပ်ဆောင်မင်းသမီးတစ်လက်အနေနဲ့ပါ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် သူမရဲ့ငယ်ဘဝစိတ်ကူးအိပ်မက်ကတော့ အခုလိုမျိုး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့မဟုတ်ပါဘူး။ ဒီအကြောင်းတွေကိုတော့ Bora က တီဗွီအစီအစဉ်တစ်ခုမှာ ပါဝင်တင်ဆက်ခဲ့စဉ်အချိန်တုန်းက ဖွင့်ဟပြောပြခဲ့တာကို တွေ့ရပါတယ်။

သူမဟာ ငယ်စဉ်အရွယ်ကတည်းက စန္ဒရားတီးခြင်းကို နှစ်ခြိုက်စိတ်ဝင်စားခဲ့သလို ဘဲလေးအကကိုလည်း ဝါသနာထုံသူဖြစ်တာကြောင့် အရွယ်ရောက်ကြီးပြင်းလာတဲ့အခါ စန္ဒရားပညာရှင်နဲ့ ဘဲလေးကချေသည်တစ်ယောက်ဖြစ်လာဖို့ စိတ်ကူးအိပ်မက်တွေရှိခဲ့သူပါ။ဒါကြောင့်လည်း မူလတန်း တတိယနှစ်ကနေ အလယ်တန်းကျောင်းသူအရွယ်အထိ ဘဲလေးအကကို သူများတွေထက်သာလွန်အောင် ပြင်းပြင်းထန်ထန်ကြိုးစားလေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် သူမ ကြိုက်နှစ်သက်တဲ့အရာတွေဟာ ငွေကြေးချို့တဲ့တဲ့ မိသားစုမှ ကလေးငယ်တွေအဖို့ အလှမ်းကွာလွန်းလှတာကြောင့် မိသားစုစီးပွားရေးအခြေအနေကြပ်တည်းတဲ့ သူမအနေနဲ့လည်း ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်တွေကို စွန်လွှတ်ခဲ့ရပါတယ်။

ဘဝပေးအခြေအနေတွေကြောင့် ဖြစ်ချင်တဲ့အိပ်မက်တွေကို စွန်လွှတ်ခဲ့ရပေမဲ့လည်း သူမဟာ စိတ်ပျက်အားလျော့ခဲ့ခြင်းမရှိဘဲ ဂီတဌာနကိုဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာမှ အဆိုတော်တစ်ယောက်အဖြစ် ပွဲထွက်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်ကြိုးစားခဲ့တာဖြစ်ပါတယ်။

အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်လာခဲ့ပြီးချိန်မှာလည်း သူမဟာ သရုပ်ဆောင်နယ်ပယ်ထဲကို ထပ်မံခြေဆန့်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို လက်ခံသွားစေခဲ့တဲ့ဇာတ်ကားကတော့ “Dr. Romantic 2” ဖြစ်ကာ လက်ရှိအချိန်မှာလည်း “Dr. Romantic 3” မှာ ဆက်လက်ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေလျက်ရှိပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x