MAMAMOO အဖွဲ့ဝင်တွေကြောင့် Trainee ဘဝတုန်းက အဆောင်တိုက်ခန်းမှာ ပိုးဟပ်ဖမ်းရတဲ့တာဝန်ကိုယူခဲ့ရတယ်ဆိုတဲ့ Hwasa

MAMAMOO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Hwasa ဟာဆိုရင် ‘My Ugly Duckling’ အစီအစဉ်ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့အပိုင်းမှာ သူမရဲ့ Trainee ကာလကနေအစပြုလို့ လက်ရှိအချိန်ထိနေထိုင်ဖြတ်သန်းခဲ့တဲ့ ပုံစံအကြောင်းကို ဖွင့်ဟပြောပြသွားခဲ့ပြီး ဒီလိုပြောခဲ့တဲ့အထဲမှာ သူမတို့အဖွဲ့ဝင်တွေ Trainee ဘဝတုန်းက ခေါင်မိုးထပ်ကတိုက်ခန်းမှာနေထိုင်ခဲ့ရတဲ့ အကြောင်းတွေလည်း ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။

“ကျွန်မက အရင်တုန်းက Jeonju မှာနေခဲ့ရတာဆိုတော့ ဆိုးလ်က ခေါင်မိုးထပ်အခန်းမှာနေရဖို့ဆိုတာက ကျွန်မရဲ့ အိပ်မက်တစ်ခုပဲ … ဒီတော့ နေရတဲ့အခါမှာ အရမ်းပျော်ခဲ့တာပေါ့ ဒါပေမယ့် ကျွန်မတို့နေတဲ့အိမ်ရဲ့ အောက်ထပ်မှာက စားသောက်ဆိုင်ရှိတော့ ပိုးဟပ်တွေဆိုတာ ကျွန်မတို့နဲ့ အခန်းဖော်သဘောတွေတောင်ဖြစ်နေခဲ့တာ” လို့ဆိုကာ Hwasa က Trainee ဘဝတုန်းကနေခဲ့ရတဲ့ပုံစံအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ “Solar ဆိုရင် ရေချိုးတဲ့အခါ မီးပိတ်ပြီးတော့ကိုချိုးတာ .. ဒါမှ ပိုးဟပ်တွေ ရေချိုးခန်းထဲဝင်လာတာကို မမြင်ရမှာလေ” လို့ဆိုကာ ပိုးဟပ်တွေနဲ့နေထိုင်ခဲ့ရတဲ့ သူမတို့အဖွဲ့ဝင်တွေရဲ့အကြောင်းကို ဆက်လက်ပြောပြခဲ့ပါတယ်။

ဒီနောက်မှာတော့ တင်ဆက်သူဖြစ်တဲ့ Shin Dong Yeop က “ဒါဆို အဲဒီပိုးဟပ်တွေကို ဘယ်သူကတာဝန်ယူပြီးဖမ်းပေးသလဲ” လို့ဆိုကာမေးခွန်းထုတ်ခဲ့တာပါတယ်။ ဒီအခါမှာ Hwasa က “ဘယ်သူရှိမလဲ ကျွန်မပဲပေါ့ … ကျွန်မရဲ့အစ်မတွေက ဆိုးလ်မြို့သူတွေဆိုတော့ သူတို့အကုန်လုံးက ငကြောက်တွေလေ ဒီတော့ ကျွန်မကပဲ ဖမ်းပေးရတာ” လို့ဆိုကာ MAMAMOO အဖွဲ့ဝင်တွေကြောင့် ပိုးဟပ်ဖမ်းရတဲ့တာဝန်ကို သူမပဲ ယူခဲ့ရကြောင်းကို အရွှန်းဖောက်ပြောသွားခဲ့ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x