“Decibel” ရုပ်ရှင်ကားမှာ ဗီလိန်အဖြစ်ပါဝင်သရုပ်ဆောင်ရတဲ့ ခံစားချက်နဲ့ပတ်သက်ပြီး ပြောပြလာတဲ့ Lee Jong Suk

ဒရမ်မာဇာတ်လမ်းတွဲတွေထဲမှာဆိုရင် ပုံမှန်အားဖြင့် ထက်မြက်ပြီး စိတ်သဘောထားကောင်းမွန်တဲ့ ခေါင်းဆောင်ဇာတ်ရုပ်တွေကိုပဲ ပါဝင်သရုပ်ဆောင်ရလေ့ရှိတဲ့ နာမည်ကြီးမင်းသား Lee Jong Suk ကိုတော့ ဒီနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ စတင်ပြသမယ့် “Decibel” ရုပ်ရှင်ကားဇာတ်ကားထဲမှာ ဗီလိန်ဇာတ်ကောင်နေရာကနေ မြင်တွေ့သွားရမှာဖြစ်ပါတယ်။

ဒီလိုမျိုးဇာတ်ကောင်အဖြစ်ပါဝင်ရတာနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်နဲ့ ခံစားချက်တွေအကြောင်းကို ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ပြုလုပ်သွားခဲ့တဲ့ အဆိုပါရုပ်ရှင်ဇာတ်ကားရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ အခုလိုပဲပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

“ဒီဇာတ်ကားထဲမှာ မပါဝင်မချင်း စိတ်ခံစားချက်တွေကို ထိန်းထားနိုင်အောင် ကြိုးစားခဲ့ပါတယ် … ဘာလို့လဲဆိုတော့ ကျွန်တော်က စကားပြောတဲ့အခါမှာ ထူးခြားတဲ့လက္ခဏာတစ်ခု ရှိတယ်လေ … ဒီတော့ ဒီလိုလက္ခဏာပုံစံတွေ မပေါ်လွင်ရအောင် ကျွန်တော့်ရဲ့စကားပြောနည်းကို ပြောင်းလဲပစ်လိုက်ဖို့ ဒါရိုက်တာနဲ့ အများကြီးဆွေးနွေးခဲ့ရပါတယ် ” လို့ဆိုကာ သူ့အနေနဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ပြင်ဆင်ခဲ့ရပုံနဲ့ပတ်သက်ပြီး ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Lee Jong Suk ကို ဒရမ်မာဇာတ်လမ်းတွဲတွေထဲမှာဆိုရင် ဖြောင့်မတ်မှန်ကန်တဲ့ဇာတ်ကောင်နေရာတွေကနေ တွေ့မြင်ရပေမဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ဗီလိန်ဇာတ်ကောင်အဖြစ်သာ တွေ့ရတတ်ပြီး သူ့အနေနဲ့ ပထမဆုံးဗီလိန်နေရာကနေ ပါဝင်ခဲ့တဲ့ဇာတ်ကားကတော့ “V.I.P.” ရုပ်ရှင်ကားပဲဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ကားထဲမှာဆိုရင် သူဟာ စိတ်တ္တဇလူသတ်သမားဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်သလို ပြီးခဲ့တဲ့ဇွန်လတုန်းကလည်း The Witch Part 2: The Other One’ ရုပ်ရှင်ကားမှာ စမ်းသပ်ခန်းကနေထွက်ပြေးတဲ့ မိန်းကလေးတစ်ဦးကို လိုက်လံဖမ်း‌ဆီးတဲ့ စိတ္တဇဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။

အခုပြသမယ့် “Decibel” ဇာတ်ကားထဲမှာတော့ အကြမ်းသမားဇာတ်ကောင်နေရာကနေ ပါဝင်ထားတာဖြစ်ပြီး သူ့ရဲ့ ယင်းဇာတ်ကောင်ပုံစံနဲ့ပတ်သက်လို့ “ဒီဇာတ်ရုပ်မှာက ဖုံးကွယ်ထားတဲ့ ဝမ်းနည်းမှုတစ်ခုရှိတယ်ဗျ … သူ့ကို ရိုးရှင်းဗီလိန်ဇာတ်ရုပ်လို့ မထင်ခဲ့ပေမယ့်လည်း အာရုံစူးစိုက်မှု မျိုးစုံရှိတဲ့ ခံစားချက်တွေရှိတဲ့ ဇာတ်ကောင်အဖြစ် တွေးကြည့်ဖို့ ကြိုးစားခဲ့ပါတယ်” လို့ဆိုကာ ပြောသွားခဲ့တာကို တွေ့ရပါတယ်။

Ref : Allkpop
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x