GMMTV ရဲ့ ၂၀၂၃ ခုနှစ်အတွက် ပရောဂျက်အသစ်မိတ်ဆက်ပွဲကို မတက်ရောက်ဖြစ်ကြောင်း အသိပေးလာတဲ့ F4 Thailand မင်းသမီး Tu Tontawan

F4 Thailand မှာ ပွဲဦးထွက်ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း ပရိသတ်တွေရဲ့ကြိုက်နှစ်သက်အားပေးမှုကိုရရှိလာခဲ့တဲ့ မင်းသမီး Tu Tontawan ဟာဆိုရင် သူမအနေနဲ့ အခု နိုဝင်ဘာလ ၂၂ ရက်နေ့မှာပြုလုပ်သွားမယ့် GMMTV ရဲ့ ၂၀၂၃ ခုနှစ်အတွက် ပရောဂျက်အသစ်မိတ်ဆက်ပွဲကို မတက်ရောက်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ ရက်နေ့ မနေ့တုန်းက တွစ်တာစာမျက်နှာကနေတစ်ဆင့် အသိပေးကြေညာခဲ့ပါတယ်။
GMMTV ဟာ သူတို့ကုမ္ပဏီကနေ နောက်တစ်နှစ်အတွင်းမှာ ထွက်ရှိလာမယ့်ဇာတ်ကားအသစ်တွေ၊ Concert တွေကို နှစ်ကုန်ခါနီးအချိန် နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလမှာ တရားဝင်မိတ်ဆက်ချပြပေးလေ့ရှိတာကို BL ပရိသတ်တွေအနေနဲ့ သိရှိထားကြပြီးဖြစ်မှာပါ။
လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ကြည့်ရှုသွားရမယ့် ပရောဂျက်အသစ်တွေရဲ့ မိတ်ဆက်ပွဲကိုလည်း အခု နိုဝင်ဘာလ ၂၂ ရက်နေ့မှာပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းကို မနေ့တုန်းက တရားဝင်ကြေညာခဲ့ပြီး ယင်းပွဲကိုတက်ရောက်ကြမယ့် အနုပညာရှင်တွေက ဘယ်သူဖြစ်တယ်ဆိုတာကိုလည်း တစ်ပါတည်းအသိပေးခဲ့ပါတယ်။
ဒီလိုအသိပေးခဲ့ရာမှာတော့ GMMTV ရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Tu Tontawan မပါဝင်ကြောင်းကို ပရိသတ်တွေသိရှိသွားခဲ့တဲ့အတွက် သူမကို GMMTV နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီ (သို့မဟုတ်) စာချုပ်သက်တမ်းကုန်ဆုံးသွားပြီလို့သာ ထင်မှတ်ခဲ့ကြပါတယ်။
ဒါပေမယ့် Tu က သူမအနေနဲ့ အခုလိုမတက်ရောက်ဖြစ်တဲ့ အကြောင်းအရင်းက လာမယ့်နှစ်ထဲမှာ သူမရဲ့ ကျောင်းစာတွေက ပိုမိုခက်ခဲလာမှာဖြစ်တာကြောင့် ပညာရေးကိုအားစိုက်လိုကြောင်း၊ ဒီ့အတွက် နောက်နှစ်ထဲမှာ မည်သည့်ဇာတ်ကားကိုမျှ လက်ခံမရိုက်ကူးဖြစ်ကြောင်း၊ ဒီလိုမရိုက်ကူးဖြစ်ပေမယ့်လည်း အခု ၂၀၂၂ ခုနှစ်ထဲမှာရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုတော့ နောက်နှစ်ထဲမှာ ကြည့်ရှုသွားရဖို့ရှိကြောင်းဆိုကာ သူမရဲ့ တွစ်တာစာမျက်နှာအထက်ကနေ ကိုယ်တိုင်အသိပေးခဲ့တာကို တွေ့ရပါတယ်။
Source : Twitter
Nemo