အမြွှာလေးသုံးယောက်ရဲ့ အရွယ်ရောက်ကြီးပြင်းလာမှုပုံစံအကြောင်းကို ပြောပြလာတဲ့ Song Il Kook

ပရိသတ်တွေရဲ့ အချစ်တော်မင်းသားတစ်လက်ဖြစ်တဲ့ Song Il Kook ဟာဆိုရင် နိုဝင်ဘာလ ၁၆ ရက်နေ့ မနေ့တုန်းကထုတ်လွှင့်ပြသခဲ့တဲ့ ‘Radio Star’ အစီအစဉ်မှာပါဝင်တင်ဆက်သွားခဲ့ပြီး သူ့ရဲ့ အမြွှာသားသုံးယောက်ဖြစ်ကြတဲ့ Daehan, Minguk နဲ့ Manse တို့ရဲ့ အရွယ်ရောက်ကြီးပြင်းလာမှုပုံစံအကြောင်းကို ပြောပြသွားခဲ့ပါတယ်။
“သူတို့က အခု မူလတန်း စတုတ္ထမြောက်အဆင့်ကိုရောက်နေကြပါပြီ … အရပ်တွေကတော့ ၁၆၀ စင်တီမီတာလောက်ရှိနေပြီဗျ … ဖိနပ်ဆိုဒ်ဆိုလည်း 265mm ကို စီးနေကြရပြီ … အခုနောက်ပိုင်း သုံးယောက်လုံးက နည်းနည်းကလန်ကဆန်လုပ်ချင်နေကြတယ်”
“အဲဒီအထဲမှာမှ Daehan က ကလန်ကဆန်အလုပ်ချင်ဆုံးပဲ … သုံးယောက်လုံးမှာ တခြားသူတွေနဲ့မတူတဲ့အမူအကျင့်လေးတွေကတော့ အခုထိရှိနေကြပါသေးတယ် … Daehan ကတော့ အခု စစ်တပ်အကြောင်းကိုစိတ်ဝင်စားနေတယ်ဗျ … နောက်ပြီး သူ့မှာ အခု ကောင်မလေးလည်းရနေပြီလို့ပြောတယ်”
“ထိန်းရသိမ်းရတာမလွယ်ဆုံးကတော့ Minguk ကိုပဲဗျာ … ကျွန်တော့်မှာ ဆံပင်ဖြူတွေအများကြီးကို သူ တွေ့တုန်းကဆိုရင် ဒီဆံပင်တွေက မင်းတို့တွေက စကားနားမထောင်လို့ အဖေ့ဆံပင်တွေကဖြူကုန်တာလို့ပြောလိုက်တော့ … သူက ဘာပြန်ပြောတယ်ထင်လဲ … ဒါကြောင့် အဖွားဆီမှာလည်း ဆံပင်ဖြူတွေအများကြီးရှိနေတာဖြစ်မယ်တဲ့ … Manse ကတော့ တကယ့်ကိုပြဿနာကောင်လေး …. သူက အရာရာကိုသိချင်တာ … ဒါကတော့ ကျွန်တော်နဲ့တူတာလို့ထင်တာပဲ” လို့ဆိုကာ Song Il Kook က သားဖြစ်သူတွေရဲ့ လက်ရှိပုံစံအကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဆက်လက်ပြီး အမြွှာသုံးယောက်လုံးရဲ့ စားသောက်မှုပမာဏက ပရိသတ်တွေတွေ့မြင်ခဲ့ကြဖူးတဲ့အတိုင်း များပြားနေဆဲဖြစ်ကြောင်းကို “သူတို့ ၃ နှစ်အရွယ်လောက်တုန်းက တစ်ယောက်ကို ဖက်ထုပ်တစ်ပွဲလုံးကုန်အောင်စားနိုင်ခဲ့တယ်လေ … အခုဆိုရင်တော့ တစ်ယောက်ကို ပီဇာအချပ်ကြီးတစ်ချပ်ပဲဗျို့ … တော်တော်စားနိုင်ကြတာ”
“တစ်ခါတုန်းကဆိုရင် ကျွန်တော်က Musical အတွက် ကိုယ်အလေးချိန်လျှော့ချဖို့လိုအပ်တော့ တစ်ခါစားပြီဆိုရင် အာလူးတစ်လုံးနဲ့ ငှက်ပျောသီးတစ်လုံးပဲ စားရတာ … အဲဒီတုန်းက သူတို့က ကျွန်တော့်အနောက်ကနေ သူတို့မုန့်တွေနဲ့ တကောက်ကောက်လိုက်ပြီး စကြသေးတာဗျာ” လို့ဆိုကာပြောခဲ့တာကို တွေ့ရပါတယ်။
Song Il Kook ရဲ့ အမြွှာသားလေးတွေဖြစ်ကြတဲ့ Daehan, Minguk, Manse တို့ဟာဆိုရင် “The Return Of Superman” အစီအစဉ်မှာပါဝင်ခဲ့ကြပြီးနောက်ပိုင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိခဲ့ကြသူဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်တော့ သူတို့လေးတွေဟာ အသက် ၁၀ နှစ်အရွယ်ကိုရောက်ရှိလို့နေပြီဖြစ်ပါတယ်။
Ref : SBS Star
Nemo