ကျွတ်ကျလုမတတ် ဘောင်းဘီရှည်ပွကြီးနဲ့ “Reborn Rich” Drama ဖွင့်ပွဲကို တက်ရောက်လာတဲ့ Song Joong Ki

ကျွတ်ကျလုမတတ် ဘောင်းဘီရှည်ပွကြီးနဲ့ “Reborn Rich” Drama ဖွင့်ပွဲကို တက်ရောက်လာတဲ့ Song Joong Ki

“Reborn Rich” ဒရာမာသစ်အတွက် သတင်းစာရှင်းလင်းပွဲမှာ မြင်တွေ့ခဲ့ရတဲ့ Song Joong Ki ရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတွေက မင်းသားရဲ့ stylist ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

JTBC ရဲ့ သောကြာ-စနေ-တနင်္ဂနွေ Drama သစ် “Reborn Rich” အတွက် သတင်းစာရှင်းလင်းပွဲကို Yeouido, Yeongdeungpo-gu ရှိ Fairmont Ambassador Hotel Seoul Hotel မှာ နိုဝင်ဘာလ ၁၇ ရက် နေ့လယ်က ပြုလုပ်ခဲ့ပါတယ်။

ဒီ Drama မှာ မင်းသား Song Joong Ki က Sunyang Group ရဲ့ စွန့်စားစီမံခန့်ခွဲမှုအဖွဲ့မန်နေဂျာ Yoon Hyun Woo နဲ့ Sunyang Group ဥက္ကဌ Jin Yang Chul ရဲ့ အငယ်ဆုံးမြေး Jin Do Joon တို့အဖြစ် ဇာတ်ရုပ် ၂ ခုကို ပါဝင်သရုပ်ဆောင်ထားပါတယ်။

Song Joong Ki ရဲ့ စွမ်းဆောင်ရည်တွေကို အမိုက်စား မြင်တွေ့သွားရတော့မှာဖြစ်တာကြောင့် အင်တာနက်သုံးစွဲသူတွေကလည်း ဒီပွဲက Song Joong Ki ကို အာရုံစိုက်နေခဲ့ကြပြီး အထူးသဖြင့် မင်းသားရဲ့ ဖက်ရှင်က လုအများကို မျက်စိကျသွားစေခဲ့တာပါ။

Song Joong Ki ရဲ့ ဘောင်းဘီဖက်ရှင် လို့ ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်ကလည်း ကိုရီးယားဖိုရမ် ‘theqoo’ လိုမျိုး အဓိက အသိုင်းအဝိုင်းမှာ တင်ခဲ့ပြီး လျှင်မြန်စွာ ပျံ့နှံ့ခဲ့တဲ့အထိ အဲဒီနေ့က သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ Song Joong Ki ရဲ့ အသွင်အပြင်က လတ်တလောမှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်နေခဲ့ပါတော့တယ်။

Song Joong Ki က ပန်းရောင် သိုးမွေးအင်္ကျီနဲ့ အညိုရောင် ဘောင်းဘီအရှည်ပွကြီးကို ဝတ်ဆင်ထားပြီး ဘောင်းဘီရဲ့ အလျားနဲ့ အနံ နှစ်ခုစလုံးကြောင့်လည်း မင်းသားက အဆင်မပြေဖြစ်နေခဲ့ပုံရပါတယ်။

ဒီဖက်ရှင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး theqoo ပေါ်က အင်တာနက် အသုံးပြုသူတစ်ဦးက “အပေါ်ပိုင်းတစ်ဝက်က ကောင်းတယ်၊ ဒါပေမယ့် ဘောင်းဘီက ဘာဖြစ်နေတာလဲ” လို့ ပြောကြားသွားခဲ့ပြီး Song Joong Ki ရဲ့ stylist ကိုလည်း အခြား netizens တွေအပါအဝင် ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x