ချစ်စဖွယ် ညီအစ်မဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားကြတဲ့ Anne နဲ့ Diana
ချစ်စဖွယ် ညီအစ်မဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားကြတဲ့ Anne နဲ့ Diana
ထိုင်းမင်းသမီး Anne Thongprasom ကတော့ ဖျော်ဖြေရေးလောကရဲ့ ဘုရင်အပဖြစ် နှစ် ၂၀ ကျော်ကြာ အနုပညာသက်တမ်းရှိသလို ဝါရင့် မင်းသမီး၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတစ်ဦးလည်း ဖြစ်လို့နေပါပြီ။
Anne ဟာ နှစ်များတစ်လျှောက် အနုပညာနယ်ပယ်မှာ အရည်အချင်း၊ ကျော်ကြားမှုနဲ့ အတွေ့အကြုံ ရင့်ကျက်မှု အားလုံးကို ပိုင်ဆိုင်ထားတဲ့ ဝါရင့် အနုပညာရှင်တစ်ဦးဖြစ်ပြီး လူငယ် အနုပညာရှင်များစွာရဲ့ ချစ်ခင်နှစ်သက်မှုကိုလည်း ရရှိထားသူပါ။
ငယ်ရွယ်တဲ့ အနုပညာရှင်များစွာထဲမှ မျက်နှာသစ် မင်းသမီးချောလေး Diana Flipo ကလည်း စီနီယာ အစ်မကြီး Anne အပေါ် ထူးထူးခြားခြား ချစ်ခင်မှုကို ပြသခဲ့ပြီး Anne ကလည်း Diana ကို ညီမလေးလို ချစ်ခင်နှစ်သက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
Anne နဲ့ Diana တို့ဟည သူတို့နှစ်ဦးရဲ့ တွဲဖက်ပုံလေးများကို Instagram မှာ မကြာခဏ တင်လေ့ရှိကြပြီး တွေ့ဆုံတိုင်းမှာလည်း ဓာတ်ပုံအတူတူရိုက်ကာ ပရိသတ်တွေကို သူတို့ရဲ့ ချစ်စဖွယ် ဆက်ဆံရေးလေးနဲ့ ကြည်နူးစေခဲ့သူတွေပါ။
လတ်တလောမှာလည်း နှစ်ယောက်သားက တပူးပူး တတွဲတွဲနဲ့ တွေ့ဆုံမှုလေးတွေ ရှိခဲ့ကြသလို သူတို့ရဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာကလည်း ပရိသတ်တွေကို အံ့သြသွားစေခဲ့ပါတယ်တယ်။
တကယ်တော့ Diana က Anne ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးပြီးနောက်မှာတော့ သူတို့နှစ်ယောက်ဟာ အလွန်ရင်းနှီးလာခဲ့ကြပြီး Anne ဟာလည်း ဂျူနီယာ မင်းသမီးချောလေးတွေ မြောက်များစွာနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အမြဲတမ်း တည်ဆောက်ထားနိုင်ခဲ့ပါတယ်။