BLACKPINK ရဲ့ဖျော်ဖြေပွဲကို Lily-Rose Depp နဲ့အတူ သွားရောက်ကြည့်ရှုခဲ့တဲ့ Jung Ho Yeon

မင်းသမီး Jung Ho Yeon ဟာ ကမ္ဘာကျော် မင်းသားကြီး Johnny Depp ရဲ့သမီးဖြစ်သူ ဟောလိဝုဒ် မင်းသမီး Lily-Rose Depp နဲ့အတူ BLACKPINK ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့ပြီး သူတို့ရဲ့ ကျော်ကြားမှုအရှိန်အဝါတွေ ပေါင်းဆုံနေတဲ့ သူငယ်ချင်း ဆက်နွယ်မှုတွေကို ပြသသွားခဲ့ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့က Jung Ho Yeon က “We’re so ready #bornpink” ဆိုတဲ့ caption နဲ့အတူ သူမရဲ့ Instagram Story မှာ ဓာတ်ပုံတစ်ပုံကို မျှဝေထားခဲ့ပါတယ်။

အဲဒီနေ့မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မှာ BLACKPINK ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ကျင်းပနေခဲ့တာဖြစ်ပြီး BLACKPINK အဖွဲ့ဝင် Jennie ဟာ သူမရဲ့ “The Idol” က တွဲဖက်သရုပ်ဆောင် Lily-Rose Depp နဲ့ရော ရိုက်ကူးရေးအတွင်း ခင်မင်ရင်းနှီးလာခဲ့ပုံရပါတယ်။

တစ်ဖက်မှာတော့ Jung Ho Yeon ဟာ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ အချစ်ဆုံးသူငယ်ချင်းအဖြစ် လူသိများပါတယ်။ သူမရဲ့ ဓာတ်ပုံတွေမှတဆင့် “Squid Game” မင်းသမီးဟာ ကမ္ဘာ့အဆင့်မီ ကျော်ကြားကြီးမားတဲ့ ကွန်ယက်တွေကို မကြာခဏ ပြသေလေ့ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ BLACKPINK ဟာ မြောက်အမေရိက ဖျော်ဖြေပွဲ ၁၄ ခုကို မြို့ကြီး ၇ မြို့မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အဲဒီနောက် ဥရောပ၊ အာရှနဲ့ Oceania တို့မှာ ဖျော်ဖြေတင်ဆက်မှုများကို နောက်နှစ်လယ်ပိုင်းအထိ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x