ဇာတ်လမ်းတွဲအသစ်မှာ ရွှေဇွန်းကိုက်ပြီးမွေးဖွားလာတဲ့ အမွေဆက်ခံသူ သူဌေးသမီးဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမယ့် Red Velvet အဖွဲ့ဝင် Yeri

လတ်တလောရက်ပိုင်းအတွင်းထွက်ရှိလာခဲ့တဲ့သတင်းတစ်ခုကတော့ Red Velvet ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Yeri ဟာဆိုရင် ‘Cheongdam International High School’ လို့အမည်ရတဲ့ ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်ဆိုတာပါပဲ။
ကိုရီးယားသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေအရဆိုရင် Yeri ဟာ အဆိုပါကျောင်းသားဇာတ်လမ်းတွဲထဲမှာ Baek Jena ဆိုတဲ့ ရွှေဇွန်းကိုက်မွေးဖွားလာတဲ့ အမွေဆက်ခံသူ သူဌေးသမီးဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပြီး SM Entertainment ဘက်ကလည်း ဒီသတင်းတွေဟာ မှန်ကန်ကြောင်းကို အတည်ပြုထုတ်ပြန်ပေးထားပါတယ်။
‘Cheongdam International High School’ ဇာတ်လမ်းတွဲဟာဆိုရင် ငွေကြေးချို့တဲ့ပေမယ့်လည်း အထက်တန်းကျောင်းတစ်ခုမှာ ဖြစ်ပေါ်သွားခဲ့တဲ့ လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်လာခဲ့သူ Kim Hye In ဆိုတဲ့မိန်းကလေးအကြောင်းကို အဓိကထားရိုက်ကူးမယ့် ဇာတ်ကားဖြစ်ပြီး အဆိုပါဇာတ်ကောင်နေရာမှာတော့ မင်းသမီး Lee Eun Sam က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo