ခင်ပွန်းဖြစ်သူ Yeon Jung Hoon နဲ့ သူမရဲ့ အကြိုက်တွေက ဆန့်ကျင်ဘက်ဆိုသလိုကွဲပြားတယ်ဆိုတဲ့ Han Ga In

ခင်ပွန်းဖြစ်သူ Yeon Jung Hoon နဲ့ သူမရဲ့ အကြိုက်တွေက ကွဲပြားပေမယ့်လည်း အတင်းပြောတဲ့နေရာမှာတော့ တူညီတယ်လို့ဆိုလာတဲ့ Han Ga In

ဒီနေ့အချိန်ထိ အလှပဆုံးသောမင်းသမီးစာရင်းထဲမှာ ပါဝင်နေဆဲဖြစ်တဲ့ Han Ga In ဟာဆိုရင် သူမနဲ့ ခင်ပွန်းဖြစ်သူ Yeon Jung Hoon တို့ရဲ့အကြားက စိတ်ဝင်စားစရာ အကြောင်းအရာအချို့တို့ကို နိုဝင်ဘာလ ၂၇ ရက်နေ့ မနေ့တုန်းက ထုတ်လွှင့်ပြသသွားခဲ့တဲ့ ‘My Ugly Duckling’ အစီအစဉ်မှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

ဒီလိုပြောပြရာမှာ MC ဖြစ်တဲ့ Seo Jang Hoon က “Yeon Jung Hoon က သူ့ဇနီးဖြစ်တဲ့ ခင်ဗျားရဲ့အကြောင်းကို အရမ်းကြွားတာဗျ … ဒီ‌ရက်ပိုင်းမှာရော သူက အိမ်မှာတွတ်တီးတွတ်တာလုပ်နေသေးလား” လို့ဆိုကာ စတင်မေးမြန်းခဲ့ပါတယ်။

အဲဒီအခါမှာတော့ Han Ga In က “သူ အပြင်သွားပြီး ပြန်လာပြီဆိုတာနဲ့ ကျွန်မကို မိန်းမရေ ဒီကို မြန်မြန်လာပါဦးကွာ ကိုယ့်မျက်လုံးကို ကြည်လင်သွားအောင်လုပ်ဖို့ လိုအပ်နေလို့ ဆိုပြီးအော်ခေါ်တော့တာပဲ …. ပြီးတော့မှ ကျွန်မကို တွေ့လိုက်ရလို့ သူ့မျက်လုံးက ကြည်လင်သွားတယ်ဆိုပြီး ပြောတော့တာ” လို့ဆိုကာ အကဲပိုတတ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ အကြောင်းကို ရယ်ရယ်မောမောနဲ့ ပြောပြသွားခဲ့ပါတယ်။

ဒီနောက်မှာတော့ သူမတို့ရဲ့အိမ်ထောင်သည်ဘဝဖြတ်သန်းပုံ အကြောင်းကို “ကျွန်မတို့လင်မယားရဲ့ အကြိုက်တွေနဲ့ နေထိုင်ပုံတွေက လုံးဝကို ဆန့်ကျင်ဘက်ကွဲပြားတာရှင့် .. ဒီလိုတွေကွဲပြားတာရှိပေမယ့်လည်း တူညီတာတစ်ခုတော့ရှိတယ် အဲဒါကတော့ တခြားတစ်ယောက်ရဲ့ အတင်းကိုပြောတဲ့အချိန်ပဲ”

“ကျွန်မတို့ အိမ်ထောင်စကျခါကအချိန်တုန်းကဆိုရင် အိပ်ရာထဲမှာ လှဲပြီး ဟိုဟိုဒီဒီတွေ လျှောက်ပြောကြတာပေါ့ … တစ်ခါတုန်းကဆို လူတစ်ယောက်ရဲ့အတင်းကိုပြောတာ မနက် ၃ နာရီ ၄ နာရီတောင်ထိုးတယ် … နောက်ဘယ်ဟာကရီဖို့ကောင်းလဲ ဆိုတော့ သူများယောကျာ်းတွေဆို သူတို့မိန်းမတွေက တခြားသူရဲ့ အတင်းကိုစပြောလိုက်တာနဲ့ မင်းတို့ကလည်း ဘာညာဆိုပြီး ပြောကြတယ်လေ … ဒါပေမယ့် ကျွန်မယောကျာ်းကကျတော့ အဲဒီလိုမဟုတ်ဘူးနော် … ကျွန်မက ၁ လို့စပြောလိုက်တာနဲ့ သူက ၁၀၀ အထိပြောပေးပြီးသားပဲ” လို့ဆိုကာ အရွှန်းဖောက် ဟာသနှောပြီး ပြောသွားခဲ့တာကိုတွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x