တောင်ကိုရီးယားဘောလုံးအသင်းဝတ်စုံဝတ်ပြီး ကာတာနိုင်ငံကနေ အမိမြေဆီကိုပြန်လာခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook

BTS ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jungkook ဟာဆိုရင် လတ်တလော ကာတာနိုင်ငံမှာကျင်းပလျက်ရှိနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ ဖွင့်ပွဲအခမ်းအနားမှာ ပါဝင်သီဆိုဖျော်ဖြေခဲ့တဲ့သတင်းကိုတော့ ပရိသတ်တွေအားလုံး သိရှိထားကြပြီးဖြစ်မှာပါ။
Jungkook ဟာ အဆိုပါဖွင့်ပွဲအခမ်းအနားမှာ ဒီနှစ်အတွက် ကမ္ဘာ့ဖလားဘောလုံးပွဲရဲ့ Theme Song ဖြစ်တဲ့ “Dreamers” နဲ့ သီဆိုဖျော်ဖြေပေးခဲ့ပြီး ဒီလိုဖျော်ဖြေမှုကို အောင်မြင်စွာပြုလုပ်ခဲ့ပြီးချိန်မှာတော့ အမိမြေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဆီကို ပြန်လာခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံဆီပြန်ဖို့အတွက် လေဆိပ်ကိုရောက်ရှိလာချိန်မှာတော့ Jungkook က ကိုရီးယားဘောလုံးအသင်းရဲ့ အင်္ကျီကိုဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်လာခဲ့တာကိုတွေ့ရပြီး ဒီလိုဝတ်ဆင်လာခဲ့ကြောင်းကိုလည်း သတင်းထောက်တွေ အမိအရဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် သူ့ရဲ့အပေါ်ဝတ်အင်္ကျီကို တခုတ်တရလှစ်ဟပြသခဲ့ပါသေးတယ်။ ဒါ့အပြင် ဘောလုံးကန်နေတဲ့ဟန်ကိုလည်း ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
ပရိသတ်တွေကတော့ နိုင်ငံအပေါ်မှာ ချစ်မြတ်နိုးစိတ်ရှိတဲ့ Jungkook ရဲ့အပြုအမူဟန်ပန်ကြောင့် ချီးကျူးစကားပြောထားကြပြီး မှတ်ချက်ကောင်းတွေလည်း ပေးထားကြတာကို တွေ့ရပါတယ်။
Ref : Allkpop
Nemo