“The Interest” ရုပ်ရှင်ဇာတ်ကားအသစ်ကြီးမှာ တွဲဖက်သရုပ်ဆောင်ကြမယ့် Bright နဲ့ Yaya

2gether စီးရီးနဲ့ နာမည်ကြီးလူကြိုက်များလာခဲ့သူ မင်းသားချော Bright Vachirawit ရဲ့ ဇာတ်ကားအသစ်တွေကို စောင့်မျှော်လျက်ရှိနေကြတဲ့ ပရိသတ်တွေအနေနဲ့ကတော့ လာမယ့်နှစ်ထဲမှာ သေချာကြည့်ရှုသွားရမယ့် ဇာတ်ကားတစ်ကားရှိလို့နေပါတယ်။

အဲဒါကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သူ Yaya Urassaya နဲ့အတူ တွဲဖက်ပါဝင်သရုပ်ဆောင်သွားမယ့် “The Interest” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ ဒီဇာတ်ကားထဲမှာဆိုရင် Bright ကို ငွေတိုးချေးသူတွေရဲ့ ပိုက်ဆံတွေကိုလိုက်တောင်းပေးတဲ့သူအဖြစ် မြင်တွေ့သွားရမှာဖြစ်ပြီး Yaya ကိုကတော့ အကြွေးတွေရှိနေတဲ့ ဘဏ်ဝန်ထမ်းမိန်းကလေးတစ်ယောက် မြင်တွေ့သွားရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် ပြင်ဆင်လျက်ရှိနေဆဲဖြစ်ပြီး ဇာတ်ကားကို လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ရုံတင်ပြသသွားမှာဖြစ်ကာ ပရိသတ်တွေကတော့ တစ်ခါမှမဆုံတွေ့ကြဖူးတဲ့ အနုပညာရှင်နှစ်ယောက်ကို အတူတွဲဖက်မြင်တွေ့ခွင့်ရမှာဖြစ်တာကြောင့် ရင်ခုန်စိတ်လှုပ်ရှားလျက်ရှိနေကြတာကို တွေ့ရပါတယ်။

Ref : GMMTV
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x