ဘယ် K-Pop group မှာ မစွမ်းဆောင်ထားနိုင်သေးတဲ့ BTS အဖွဲ့ရဲ့ Daesang နဲ့ US က ဆုအရေအတွက်များ
ဘယ် K-Pop group မှာ မစွမ်းဆောင်ထားနိုင်သေးတဲ့ BTS အဖွဲ့ရဲ့ Daesang နဲ့ US က ဆုအရေအတွက်များ
BTS ဟာ K-Pop နယ်ပယ်မှာ အအောင်မြင်ဆုံးအဖွဲ့တစ်ဖွဲ့ ဆိုတာကတော့ အငြင်းပွားဖွယ်ရာမရှိပါဘူး။
BTS ဟာ BigHit Entertainment လက်အောက်က အဖွဲ့ဝင် ၇ ဦးပါ K-Pop အဖွဲ့တစ်ဖွဲ့ပါ။ အဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ “2 Cool 4 Skool” နဲ့ ပွဲဦးထွက်ခဲ့ပြီး 2014 Mnet Asian Music Awards မှာတော့ “Boy in Luv” အတွက် Best Dance Performance (Male) ဆုကို ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး K-pop ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို စတင်ရရှိခဲ့ကြပါတယ်။
အဲဒီနောက် BTS ဟာ ဂီတဆုပေးပွဲများမှာ မကြာခဏဆိုသလို ပါဝင်လာခဲ့ပြီး ကိုရီးယားမှာလည်း ခိုင်မာတဲ့ fanbase ကို ပိုင်ဆိုင်လာခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ BTS ဟာ Melon Music Awards နဲ့ Mnet Asian Music Awards တို့နှစ်ခုလုံးမှာ တစ်နှစ်တာအကောင်းဆုံး album ဆုဆိုတဲ့ သူတို့ရဲ့ ပထမဆုံး Daesang ဆုကြီးကို ‘The Most Beautiful Moment in Life: Young Forever’ compilation album နဲ့အတူ သိမ်းပိုက်နိုင်ခဲ့ပါတော့တယ်။
BTS ဟာ သူတို့ရဲ့ ပြောင်းလဲရင့်ကျက်လာတဲ့ discography ပိုင်းနဲ့အတူ တဖြည်းဖြည်းနဲ့ နိုင်ငံတကာကို လွှမ်းမိုးလာနိုင်ခဲ့ပြီး မြောက်အမေရိကမှာ ကြီးမားလှတဲ့ fandom တွေကို စတင်စုစည်းလာနိုင်ခဲ့ပါတော့တယ်။
ထိုအချိန်မှစပြီး သူတို့တွေဟာ global sensation တစ်ခုဖြစ်လာခဲ့သလို သေးငယ်တဲ့ အေဂျင်စီက မြေအောက်ခန်းလေးထဲမှာ လေ့ကျင့်ခဲ့ရတဲ့ ယောက်ျားလေးအဖွဲ့အဖြစ်မှ ကမ္ဘာ့အကြီးမားဆုံး အနုပညာရှင်များအထိ ထိပ်ဆုံးအဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတော့တယ်။
နှစ်ကုန်ပိုင်းကို ရောက်ရှိလာတာနဲ့အမျှ ARMY တွေကလည်း BTS အဖွဲ့ရဲ့ သက်တမ်းတစ်လျှောက် အခုအချိန်အထိရရှိခဲ့တဲ့ ဆုတွေကို ပြန်လည်ကြည့်ရှုရင်း ဂုဏ်ယူနေခဲ့ကြရင်း အဖွဲ့သမိုင်းတစ်လျှောက် ရရှိခဲ့တဲ့ Daesang ဆုအရေအတွက်နဲ့ US က ဆုအရေအတွက်တို့ကို ဝင့်ကြွားထုတ်ပြန်လို့လာခဲ့ပါတယ်။
BTS ဟာ ပွဲဦးထွက်မှသည် ယနေ့အချိန်အထိ အမေရိကန်ရဲ့ တေးဂီတဆု စုစုပေါင်း ၆၈ ဆုအထိ ရရှိခဲ့ပြီး ကိုရီးယားမှာလည်း Daesang ဆု အရေအတွက်ပေါင်း ၆၆ ဆု အထိ ရရှိခဲ့ပြီး ဒီလိုမြောက်များလှတဲ့ ဆုအရေအတွက် ကိန်းဂဏန်းတွေနဲ့ အဖွဲ့တစ်ဖွဲ့ ထွက်ပေါ်လာဖို့ကတော့ နောက်ဘယ်နှနှစ်အထိ စောင့်ဆိုင်းရမလဲ မသေချာပါဘူး။