YouTube ရဲ့ 1.7 Billion views ကို ကျော်လွန်ထားဖူးတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော K-Pop အဖွဲ့ BLACKPINK
YouTube ရဲ့ 1.7 Billion views ကို ကျော်လွန်ထားဖူးတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော K-Pop အဖွဲ့ BLACKPINK
BLACKPINK ဟာ YouTube မှာ စွဲမက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ချက်တွေကို ထပ်မံရရှိထားခဲ့ပြန်ပါပြီ။
YG Entertainment ရဲ့ အဆိုအရ BLACKPINK တို့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Kill This Love” MV ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ YouTube ရဲ့ ကြည့်ရှုမှု 1.7 Billion အထိ ကျော်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
“Kill This Love” ဟာ ယခုအချိန်ထိ ဒီလိုမှတ်တမ်းမျိုးကို ရရှိခဲ့ဖူးတဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် K-Pop MV အဖြစ်လည်း သမိုင်းမှတ်တိုင်သစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ ပထမဆုံးသော MV ကလည်း BLACKPINK ရဲ့ “DDU-DU DDU-DU” MV ဖြစ်လို့နေတာပါ။
“Kill This Love” ဟာ PSY ရဲ့ “Gangnam Style” နဲ့ BLACKPINK ရဲ့ “DDU-DU DDU-DU” ပြီးနောက် စုစုပေါင်း 1.7 Billion အထိ စံချိန်တင်အောင်မြင်ခဲ့တဲ့ တတိယမြောက် K-Pop MV လည်း ဖြစ်လို့လာခဲ့ပါတယ်။
ရလဒ်အနေနဲ့ BLACKPINK ဟာ ယခုအချိန်အထိ YouTube မှာ MV ကြည့်ရှုမှုပေါင်း 1.7 Billion ကျော် ရရှိထားတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော K-Pop အဖွဲ့အဖြစ် ရပ်တည်နေသလို တစ်ခုထက်ပိုတဲ့ MV နဲ့ အခုလို မှတ်တမ်းမျိုးကို ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံးသော ကိုရီးယားအနုပညာရှင်လည်း ဖြစ်လာခဲ့ပါတယ်။
“Kill This Love” ကို ဧပြီလ ၅ ရက်၊ ၂၀၁၉ ခုနှစ်က ထုတ်လွှင့်ခဲ့တာဖြစ်ပြီး MV ကြည့်ရှုမှုပေါင်း 1.7 Billion မှတ်တမ်း ပြည့်မြောက်ကျော်လွန်ဖို့အတွက် ၃ နှစ်၊ ၇ လနဲ့ ရက် ၂၀ ကျော်သာ အချိန်ယူခဲ့ရပါတယ်။