Chuu ကို ထုတ်ပယ်ခဲ့တဲ့အတွက် LOONA အဖွဲ့ဝင် ၉ ဦးက စာချုပ်ဖျက်သိမ်းပေးဖို့ အလိုရှိခဲ့ကြ
Chuu ကို ထုတ်ပယ်ခဲ့တဲ့အတွက် LOONA အဖွဲ့ဝင် ၉ ဦးက စာချုပ်ဖျက်သိမ်းပေးဖို့ အလိုရှိခဲ့ကြ
LOONA အဖွဲ့ရဲ့ agency ဖြစ်တဲ့ Blockberry Creative ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး နောက်ထပ်အချက်အလက်များကို ကိုရီးယားသတင်းဌာနတွေက ထုတ်ဖော်ချပြထားလျက်ရှိပါတယ်။
JTBC Entertainment News အဖွဲ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ မိန်းကလေးအဖွဲ့ LOONA ရဲ့ အဖွဲ့ဝင် ကိုးဦးဖြစ်တဲ့ Heejin, Haseul, Yeojin, Kim Lip, Jinsoul, Choerry, Yves, Go Won နဲ့ Olivia Hye တို့ဟာ အေဂျင်စီနဲ့ စာချုပ်ဖျက်သိမ်းလိုနေကြောင်း တိုင်ကြားထားတယ်လို့ သိရပါတယ်။
အဖွဲ့ဝင်ကိုးဦးဟာ သူတို့နဲ့ အေဂျင်စီအကြား အပြန်အလှန် ယုံကြည်မှုရှိသော ဆက်ဆံရေးဖြစ်တဲ့ စာချုပ်က ကိုယ်တိုင်စီမံခန့်ခွဲမှုနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို မျှော်လင့်ရန် ခက်ခဲမယ့်အဆင့်ကို ရောက်ရှိသွားမှာဖြစ်တာကြောင့် အဖွဲ့ဝင်ကိုးဦးမှ မကျေနပ်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။
Chuu ကို အဖွဲ့ရဲ့ လူစာရင်းမှ တရားဝင် ထုတ်ပယ်ပြီး မကြာမီ အဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ အခုလို ထွက်ပေါ်လာခြင်းဖြစ်ပြီး Blockberry Creative ကတော့ Chuu ဟာ ဝန်ထမ်းများအား ရိုင်းစိုင်းသောအသုံးအနှုန်းအပါအဝင် “အာဏာအလွဲသုံးစားလုပ်ခြင်း” ကြောင့် ဖယ်ရှားခံရတယ်လို့ အခိုင်အမာ ဆိုထားပါတယ်။
သို့သော်လည်း ပရိတ်သတ်များ၊ အမှတ်တံဆိပ်များနဲ့ ယခင်က Chuu နဲ့ လက်တွဲခဲ့ကြဖူးသူများကတော့ သူမရဲ့ စရိုက်လက္ခဏာကောင်းများကို ကိုယ်စား ပြောဆိုပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။
Heejin, Haseul, Yeojin, Kim Lip, Jinsoul, Choerry, Yves, Go Won နဲ့ Olivia Hye တို့ဟာ အေဂျင်စီနဲ့ သူတို့ရဲ့ စာချုပ်စာတမ်းအရ တရားစွဲဆိုမှုကို အနိုင်ရရှိခဲ့ပါက အဖွဲ့ဝင်အားလုံးနဲ့အတူ လှုပ်ရှားမှုများဆောင်ရွက်ဖို့ ခက်ခဲနိုင်တာကြောင့် LOONA ဟာ မကြာမီအချိန်အတွင်းမှာပဲ အဖွဲ့ဖျက်သိမ်းရဖွယ်ရှိပါတယ်။