အသက် ၃၅ နှစ်မှာ လက်ထပ်သွားချင်ပြီး ကလေး ၃ ယောက်မွေးလိုကြောင်း ပြောကြားခဲ့တဲ့ Jackson Wang
အသက် ၃၅ နှစ်မှာ လက်ထပ်သွားချင်ပြီး ကလေး ၃ ယောက်မွေးလိုကြောင်း ပြောကြားခဲ့တဲ့ Jackson Wang
GOT7 အဖွဲ့ဝင် Jackson Wang ဟာ လတ်တလောမှာပဲ Woody FM နဲ့အတူ စင်မြင့်ထက်မှာ အထူးအင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပြီး ပရိသတ်များစွာကလည်း ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုခွင့်ရခဲ့ပြီး လာရောက်အားပေးခဲ့ကြပါတယ်။
ဒီအင်တာဗျူးမှာတော့ Jackson က သူ့ရဲ့နှလုံးသားရေးရာနဲ့ အနာဂတ်အကြောင်းတို့ကို ပရိသတ်တွေထံ ဝေမျှပေးသွားခဲ့ပြီး အနုပညာလောကထဲ ဝင်ရောက်လာတာ ၈ နှစ်နီးပါးရှိပြီဖြစ်တဲ့ ပရိသတ်အချစ်တော် Jackson ကတော့ သူ့ရဲ့အားရစရာမရှိတဲ့ အချစ်ရေးအကြောင်းကို ဖောက်သည်ချလို့လာပါတယ်။
Jackson ဟာ ကောလဟာလတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ သူတရားဝင် ချစ်ကြိုက်ခဲ့ဖူးတဲ့ အမျိုးသမီးတော့ မရှိခဲ့ပါဘူး။ ဒါကလည်း အနုပညာအလုပ်တွေ အရမ်းရှုပ်နေလို့ ဒါမှမဟုတ် သူကြိုက်တဲ့မိန်းမ မတွေ့သေးဘူးလို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ Jackson ကတော့ အိမ်ထောင်ပြုမှာဖြစ်တဲ့အကြောင်း၊ တစ်ယောက်ထဲတော့ လူပျိုကြီးလုပ်ပြီး နေထိုင်သွားမှာမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြားလာခဲ့ပါတယ်။ ဂျက်ဆင်ဟာ သူ့ရဲ့ အနာဂတ် အိမ်ထောင်ရေးအကြောင်းကို လူအများအား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။
အင်တာဗျူးကနေတစ်ဆင့် Jackson က အသက် ၃၅ နှစ်မှာ အိမ်ထောင်ပြုချင်ပြီး ကလေး ၃ ယောက်လိုချင်ပေမယ့် သူ့ရဲ့အနာဂတ်ဇနီးသည် ဘယ်လောက်လိုချင်လဲဆိုတဲ့အပေါ်မှာလည်း မူတည်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ လက်ရှိအခြေအနေကတော့ အနာဂတ်အတွက် ဇနီးသည်ကို အရင်ရှာရဦးမှာဖြစ်ကြောင်း ရယ်မောစွာ ပြောကြားခဲ့ပြီး ပွဲကြည့်စင်အောက်က အမျိုးသမီးပရိသတ်တွေကတော့ ဒီစကားအတွက် အော်ဟစ်အားပေးခဲ့ကြပါတော့တယ်။