ဆယ်စုနှစ်တစ်ခုအကြာ လက်တွဲလာခဲ့တဲ့ Sooyoung ကို လက်ထပ်ချင်တဲ့အကြောင်း ပြောပြလာခဲ့တဲ့ Chung Kyung Ho

ဆယ်စုနှစ်တစ်ခုအကြာ လက်တွဲလာခဲ့တဲ့ Sooyoung ကို လက်ထပ်ချင်တဲ့အကြောင်း ပြောပြလာခဲ့တဲ့ Chung Kyung Ho

မင်းသား Chung Kyung Ho ကတော့ သူနဲ့ (၁၀) နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ Sooyoung ကို လက်ထပ်ချင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်က ဆိုးလ်မြို့က Samcheong-dong ကော်ဖီဆိုင်မှာ သတင်းထောက် Chung Kyung Ho နဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အင်တာဗျူးအတွင်းမှာ Chung Kyung Ho နဲ့ Sooyoung တို့ရဲ့ ဆက်ဆံရေးအကြောင်း အထူးတလည် မေးမြန်းခဲ့တာပါ။

သတင်းထောက်ရဲ့ သူမကို လက်ထပ်တော့မှာလားဆိုတဲ့ အမေးကို Chung Kyung Ho က “ဟုတ်တယ်၊ အချိန်တန်ရင် ငါတို့လက်ထပ်မယ်။ ဒါပေမယ့် ဒီအကြောင်းကို အသေးစိတ်တော့ မပြောရသေးဘူး” လို့ ပြုံးပြုံးကြီးနဲ့ ဖြေကြားလာခဲ့ပါတယ်။

Sooyoung ရဲ့ Instagram မှာ Like နဲ့ Comment တွေကနေတဆင့် မကြာခဏဆိုသလို တွေ့ရလေ့ရှိတယ်လို့ သတင်းထောက်က ပြောခဲ့ရာမှာတော့ မင်းသားက ရယ်မောပြီး “အရင်တုန်းက ငါတို့ရဲ့ဆက်ဆံရေးအကြောင်း လူအများသိခဲ့ဖူးပေမယ့် သတိရှိမယ်မထင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ မကြာခဏ ကျွန်တော်အဲဒီကို ရောက်နေတာဖြစ်နိုင်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

Chung Kyung Ho နဲ့ Sooyoung တို့က ၂၀၁၂ ခုနှစ်မှာ စတင်တွဲခဲ့ကြပြီး ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာ သူတို့ရဲ့ ဆက်ဆံရေးအကြောင်းကို လူသိရှင်ကြား ထုတ်ဖော်ခဲ့ကြပါတယ်။

Chung Kyung Ho နဲ့ Sooyoung တို့ဟာ ခွေးလေးတစ်ကောင်ကိုလည်း အတူတူ မွေးမြူခဲ့ကြောင်း ဝေမျှခဲ့ပြီး  ခွေးနာမည်က ‘Ho-young’ လို့ သိရပါတယ်။ ပရိသတ်တွေကတော့ ဒီလိုနှစ်တွေအကြာကြီး ဖြတ်သန်းနိုင်ခဲ့တဲ့ အတွဲလေးကို လက်ထပ်သွားလိုဖို့ ဆန္ဒရှိနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x