Baifern ကို ချစ်ရေးဆိုထားပြီဖြစ်ကြောင်း အသိပေးဖွင့်ဟလာခဲ့တဲ့ Nine Naphat

“Friend Zone” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိလာခဲ့တဲ့ မင်းသား Nine Naphat ဟာဆိုရင် သူနဲ့ အဆိုပါဇာတ်ကားထဲမှာ အတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Baifern Pimchanok ကို ချစ်ရေးဆိုထားလိုက်ပြီဖြစ်ပါတယ်။
ဒီအကြောင်းကို Nine က ဒီနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပတဲ့ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်လာစဉ်တုန်းက အင်တာဗျူးမှာ ဖွင့်ဟပြောပြသွားခဲ့တာဖြစ်ပါတယ်။
Nine ရဲ့ပြောစကားအရဆိုရင် သူနဲ့ Baifern ဟာ သူငယ်ချင်းတွေအဖြစ် အချိန်ကြာမြင်စွာရှိလာခဲ့ကြပေမဲ့လည်း လက်ရှိအချိန်မှာတော့ Baifern အပေါ်ထားရှိတဲ့ သူ့ရဲ့ သဘောထားဟာ သူငယ်ချင်းတစ်ယောက်ဆိုတာထက် ပိုမိုနေပြီဖြစ်တာကြောင့် သူ့ရဲ့ခံစားချက်တွေကို Baifern ထံ ဖွင့်ဟထားပြီးပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုဖွင့်ဟရာမှာလည်း ဦးနှောက်လုံးဝမသုံးဘဲ နှလုံးသားချည်းနဲ့ပဲ ခံစားကာဖွင့်ပြောခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ကတော့ Baifern ဆီက အဖြေကိုမျှော်လင့်စောင့်စားနေတဲ့ သူ့ကို အားပေးလိုကြောင်းဆိုကာ Nine က ပြောသွားခဲ့တာဖြစ်ပါတယ်။
Nine နဲ့ Baifern တို့ဟာဆိုရင် “Friend Zone” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် မိတ်ဆွေသူငယ်ချင်းတွေအဖြစ် ခင်မင်ရင်းနှီးလာခဲ့ကြတာဖြစ်ပြီး နှစ်ယောက်သားချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းတွေဟာလည်း မကြာခဏဆိုသလိုထွက်ရှိလာခဲ့ဖူးတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီအချိန်တွေတုန်းကတော့ နှစ်ယောက်လုံးဟာ အဆိုပါဒိတ်တင်းတွေက မမှန်ကန်ကြောင်းနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အလွန်ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေသာဖြစ်ကြောင်းဆိုကာ ရှင်းချက်ထုတ်ခဲ့ကြပါတယ်။
Nemo