ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သတင်းထွက်နေတဲ့ Kim Myung Soo

အဆိုတော် Idol တစ်ယောက်အဖြစ် စတင်ပွဲထွက်ခဲ့ပြီးနောက် သရုပ်ဆောင်လောကထဲကို ကူးပြောင်းလာခဲ့တဲ့ Infinite အဖွဲ့ဝင် L ဟာဆိုရင် လက်ရှိအချိန်မှာ Kim Myung Soo ဆိုတဲ့ သူ့ရဲ့နာမည်အရင်းနဲ့ လှုပ်ရှားလျက်ရှိနေသူဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၉ ရက် မနေ့တုန်းကထွက်ရှိလာခဲ့တဲ့ သတင်းတစ်ခုအရတော့ သူဟာ MBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမယ့် ‘Accounting Firm’ ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ယင်းဒရမ်မာရဲ့ ရိုက်ကူးရေးကိုတော့ နောက်လထဲမှာ စတင်သွားမှာဖြစ်ပြီး ဇာတ်ကားကိုကတော့ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်ထဲမှာ ထုတ်လွှင့်ပြသဖို့အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါဇာတ်လမ်းတွဲဟာဆိုရင် Kim Myung Soo အတွက် ပြီးခဲ့တဲ့နှစ်တုန်းကပြသခဲ့တဲ့ ‘Royal Secret Agent’ အပြီးနောက်မှာ ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်ကားရဲ့ပုံစံကတော့ Taeil စာရင်းကိုင်ကုမ္ပဏီမှလူတွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုအကြောင်းဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x