ဆေးလောကနောက်ခံ ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ကမ်းလှမ်းခံထားကြရတဲ့ Park Hyung Sik နဲ့ Park Shin Hye

နိုဝင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မှာ ထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ မင်းသား Park Hyung Sik နဲ့ မင်းသမီး Park Shin Hye တို့ဟာဆိုရင် “Doctor Slump” လို့အမည်ရတဲ့ ဆေးလောကနောက်ခံ ဒရမ်မာဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားကြရတယ်ဆိုတာပါပဲ။

လက်ရှိအချိန်မှာတော့ Park Hyung Sik နဲ့ Park Shin Hye တို့နှစ်ဦးလုံးဟာ အဆိုပါကမ်းလှမ်းမှုတွေကို စဉ်းစားလျက်ရှိနေပြီး အေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်အရတော့ လက်သင့်ခံရိုက်ကူးဖို့အတွက် ရာခိုင်နှုန်းများနေတယ်လို့ သိရပါတယ်။ “Doctor Slump” ဇာတ်လမ်းတွဲဟာဆိုရင် ဆရာဝန်တွေအဖြစ်ကနေ နှုတ်ထွက်လာခဲ့ပြီးနောက် သူတို့ကိုယ်သူတို့ ပြန်လည်တည်ဆောက်ကြမယ့် ဆရာဝန်တွေအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာ Park Hyung Sik က Yeo Jung Woo ဆိုတဲ့ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတာဖြစ်ပြီး Park Shin Hye ကိုတော့ Nam Ha Neul ဇာတ်ကောင်နေရာကနေပါဝင်ဖို့ ကမ်းလှမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

Park Shin Hye အနေနဲ့ အဆိုပါကမ်းလှမ်းမှုကို လက်သင့်ခံရိုက်ကူးဖြစ်မယ်ဆိုရင်တော့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်တုန်းကပြသခဲ့တဲ့ “Doctors” ဇာတ်လမ်းတွဲပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ရိုက်ကူးတဲ့ ဆေးလောကနောက်ခံဒရမ်မာဖြစ်သလို မိခင်အဖြစ်ရောက်ပြီးနောက်မှာလည်း ပထမဆုံးပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားဖြစ်ပါတယ်။

Park Hyung Sik နဲ့ Park Shin Hye တို့ဟာဆိုရင် ၂၀၁၃ ခုနှစ်တုန်းကပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲ “Heirs” မှာလည်း အတူပါဝင်သရုပ်ဆောင်ခဲ့ကြဖူးသူတွေဖြစ်တာကြောင့် အခုတစ်ခေါက်ရိုက်ကူးမယ့်ဇာတ်ကားဟာ သူမတို့အတွက် ဒုတိယအကြိမ်မြောက်ပြန်လည်ဆုံစည်းမှုဖြစ်တယ်လို့ ဆိုရမှာပါ။

“Doctor Slump” ဇာတ်လမ်းတွဲကိုတော့ သရုပ်ဆောင်တွေအပြီးသတ်ရွေးချယ်ပြီးနောက်ပိုင်းမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ထုတ်လွှင့်ပြသမယ့်ရုပ်သံလိုင်းနဲ့ အချိန်ကာလတို့ကိုတော့ အတည်ပြုပေးထားခြင်းမရှိသေးပါဘူး။

Ref : Soompi
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x