အခု ဒီဇင်ဘာလထဲမှာ စတင်ပြသသွားမယ့် Song Hye Kyo နဲ့ Lee Do Hyun တို့ရဲ့ “The Glory” ဇာတ်လမ်းတွဲအသစ်

အခု ဒီဇင်ဘာလထဲမှာ စတင်ပြသသွားမယ့် Song Hye Kyo နဲ့ Lee Do Hyun တို့ရဲ့ “The Glory” ဇာတ်လမ်းတွဲ

ဒီဇင်ဘာလ ၁ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့ ကိုရီးယားအနုပညာသတင်းတစ်ခုကတော့ မင်းသား Lee Do Hyun နဲ့ ဝါရင့်မင်းသမီး Song Hye Kyo တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ “The Glory” ဇာတ်လမ်းတွဲကို အခု ဒီဇင်ဘာလ နှောင်းပိုင်းလောက်မှာ Netflix ကနေ စတင်ပြသသွားတော့မှာဖြစ်တယ်ဆိုတာပါပဲ။

ဒီဇာတ်လမ်းကိုတော့ ‘Mr. Sunshine’, ‘Goblin’, ‘The King: Eternal Monarch’ နဲ့ ‘Descendants of the Sun’ တို့လိုမျိုး နာမည်ကြီးဒရမ်မာတွေကို ဖန်တီး‌ခဲ့တဲ့ Kim Eun Sook က ရေးသားထားတာဖြစ်ပြီး ‘Happiness’, ‘Stranger’ နဲ့ ‘Memories of the Alhambra’ ဇာတ်ကားတို့ရဲ့ ဒါရိုက်တာ Ahn Gil Ho က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

အဆိုပါဇာတ်လမ်းတွဲထဲမှာ Lee Do Hyun နဲ့ Song Hye Kyo တို့နဲ့အတူ Lim Ji Yeon, Yeom Hye Ran, Park Sung Hoon တို့ကလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

‘The Glory’ ဇာတ်လမ်းတွဲဟာဆိုရင် ကြိမ်ဖန်များစွာ အနိုင်ကျင့်ခံလာရပြီးနောက် ကျောင်းကနေထွက်လိုက်ရကာ ဗိသုကာပညာရှင်ဖြစ်ချင်တဲ့ အိပ်မက်တွေကိုစွန့်လွတ်လိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်စားချေမှုအကြောင်းကို ပုံဖော်ထားတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x