ပြီးခဲ့တဲ့ ၈ နှစ်တာကာလလုံး MAMA Awards ပွဲတွေကို လွှမ်းမိုးထားခဲ့တဲ့ BTS

ပြီးခဲ့တဲ့ ၈ နှစ်တာကာလလုံး MAMA Awards ပွဲတွေကို လွှမ်းမိုးထားခဲ့တဲ့ BTS

BTS တို့ကတော့ 2022 MAMA ကိုလည်း ဆက်လက်လွှမ်းမိုးထားခဲ့ပြီး MAMA သမိုင်းတစ်လျှေုက် Daesang လေးခုစလုံးကို တစ်ပြိုင်နက်တည်းရရှိခဲ့တဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုပေးအပ်တဲ့ အထူး ‘MAMA Platinum’ ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့ ပထမဆုံးသော အနုပညာရှင်တွေလည်း ဖြစ်လာခဲ့ပါတယ်။

တကယ်တော့ BTS ဟာ MAMA ရဲ့ Daesang ဆုကြီးတွေဖြစ်တဲ့ ‘Artist of the Year,’ ‘Album of the Year,’ ‘Song of the Year,’ နဲ့ ‘Worldwide Icon of the Year’ တို့ကို ၂၀၁၉ မှ ၂၀၂၁ အထိ သုံးနှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ နဲ့ ၂၀၂၂ ခုနှစ်တို့မှာတော့ BTS ဟာ MAMA ရဲ့ Daesang လေးခုအနက် Album of the Year, Artists of the Year နဲ့ Worldwide Icon သုံခုကို အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၉၊၂၀၂၀ နဲ့ ၂၀၂၁ တွေမှာတော့ Album of the Year, Artists of the Year, Songs of the Year နဲ့ Worldwide Icon Daesang လေးခုလုံးကို သမိုင်းဝင် သုံးနှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပါတော့တယ်။

ဒါကြောင့် အဖွဲ့အနေနဲ့ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း MAMA Daesangs အများစုကို အနိုင်ရခဲ့ပြီး K-Pop ပရိသတ်တွေကို အံ့အားသင့် အထင်ကြီးစေခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ BTS ဟာ သူတို့ရဲ့ ပထမဆုံးသော MAMA Daesang ကို အနိုင်ရခဲ့ပြီး ယခုနှစ်အထိ ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ MAMA Daesang ဆုများရရှိခဲ့တဲ့ အနုပညာရှင်အားလုံးရဲ့ ဇယားကိုဖော်ပြထားရာမှာတော့ BTS တို့က သိသိသာသာကို လွှမ်းမိုးထားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပါ။

၂၀၁၆ ခုနှစ်ကတည်းက MAMA က ပေးအပ်ချီးမြှင့်ခဲ့တဲ့ Daesang ဆု ၂၆ ဆုမှာ BTS တစ်ဖွဲ့တည်းက ဆု ၂၀ ကို သိမ်းပိုက်စုဆောင်းထားနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်း ကောင်လေးတွေကဆုပေးပွဲရဲ့သမိုင်းဝင် Daesang ဆုရှင်တွေဖြစ်လာခဲ့ပြီး Platinum ဆုကိုပါ ဆွတ်ခူးသွားနိုင်ခဲ့သူလေးတွေ ဖြစ်လာခဲ့ကြတာပါ။ မရေမတွက်နိုင်တော့တဲ့ Daesang ဆုတွေအတွက် Congratulations ပါ ကောင်လေးတို့ရေ။

Leave a Reply

Your email address will not be published. Required fields are marked *

x