Nine ကို သူလိုချင်တဲ့အဖြေပြန်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Baifern
Nine ကို သူလိုချင်တဲ့အဖြေပြန်ပေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ Baifern
လတ်လောမှာ အရမ်းရေပန်းစားနေခဲ့တဲ့ Baifern Pimchanok နဲ့ Nine Naphat တို့ရဲ့ ချစ်ပုံပြင်လေးကိုတော့ ပရိတ်သတ်တွေလည်း သိကြလိမ့်မယ်ထင်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်က မင်းသား Nine က သူ့ရဲ့ Baifern အပေါ်ထားရှိတဲ့ ခံစားချက်တွေနဲ့ ဖွင့်ပြောခဲ့ပုံတွေကို ထုတ်ဖော်ပြောကြားခဲ့ရင်း အရင်တုန်းက အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ Baifern ကို ဖွင့်ပြောရင်း friendzone ကနေ ထွက်ခွာလာနိုင်ပြီလို့ မီဒီယာတွေရှေ့မှာ ကြွေးကြော်သွားခဲ့ပါတယ်။
ဒီလိုမျိုး Nine တစ်ယောက်က ဝန်ခံခဲ့ပြီး ပရိသတ်တွေကိုလည်း သူ့ကိုအားပေးပေးဖို့ တောင်းဆိုခဲ့ကြရာမှာ ပရိသတ်တွေဘက်ကလည်း တာဝန်ကျေခဲ့ပြီး Baifern ရဲ့ Instagram ပို့စ်တွေရဲ့ comment တွေမှာ Nine ကို ပြန်ချစ်ဖို့ တက်ညီလက်ညီ တောင်းဆိုခဲ့ကြတာပါ။
အခုချိန်မှာတော့ Baifern ဟာ သူချစ်ခွင့်ပန်ခံရအပြီး ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းကို ပေါ်လာခဲ့ပြီဖြစ်ပြီး သတင်းထောက်တွေရဲ့ အင်တာဗျူးကိုလည်း လက်ခံဖြေကြားသွားခဲ့ပါတယ်။
Baifern က “ကျွန်မ Nine နဲ့ အဆင့်တက်ဖို့ အသင့်ဖြစ်ပါပြီ။ ကျွန်မကို အခုလိုဖွင့်ပြောခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အခုအခြေအနေကိုတော့ ရည်းစားတွေလို့ ခေါ်လို့မရသေးပါဘူး။” လို့ သူ့ရဲ့သဘောထားမှန်ကို ပြောပြလာခဲ့ပါတယ်။
သတင်းထောက်တွေရဲ့ ကြည်နူးပျော်ရွှင် ဝမ်းသာသံတွေနဲ့အတူ Baifern က ဆက်လက်ပြီး “Nine ကိုလည်း ဖိအားတွေ ဝင်မနေစေချင်ပါဘူး။ နှစ်ယောက်စလုံး အေးအေးဆေးဆေးနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုသိလာပြီး ချစ်သူတွေဖြစ်ဖို့ တဖြည်းဖြည်း ဖြတ်သန်းသွားကြမယ်။” လို့ ရှက်ပြုံးလေးတွေနဲ့ ဖြေကြားလို့သွားခဲ့ပါတယ်။
သေချာတာတစ်ခုကတော့ Baifern ကလည်း Nine ကို သဘောကျနေပြီး ငြင်းပယ်သွားဖို့ရှိမနေဘဲ မီဒီယာတွေရှေ့မှာလည်း သူမရဲ့ခံစားချက်အမှန်တွေကို ချပြသွားခဲ့လို့ Nine တစ်ယောက် Baifern စီက ချစ်တယ်ဆိုတဲ့ အဖြေကြားရဖို့နဲ့ နှစ်ယောက်သား official တွဲကြဖို့ပဲ လိုပါတော့တယ်။