ပြည်ပကိုထွက်ခွာသွားခဲ့တဲ့ Jimin ကြောင့် ARMY တို့ သီချင်းသစ်အတွက် စိတ်လှုပ်ရှားနေကြပြီဖြစ်
ပြည်ပကိုထွက်ခွာသွားခဲ့တဲ့ Jimin ကြောင့် ARMY တို့ သီချင်းသစ်အတွက် စိတ်လှုပ်ရှားနေကြပြီဖြစ်
BTS အဖွဲ့ဝင် Jimin ကိုတော့ မကြာသေးမီက အမေရိကန်ကိုထွက်ခွာမယ့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိခဲ့ရပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာ BTS အဖွဲ့ဝင် Jimin ကို အမေရိကန်နိုင်ငံကို ထွက်ခွာမယ့် Incheon International Airport မှာ တွေ့ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့နိုင်ငံရပ်ခြား အချိန်ဇယားအတိအကျကို လူသိရှင်ကြား ထုတ်ဖော်မပြသထားတာကြောင့် ARMY တို့ကလည်း ဖြစ်နိုင်ဖွယ်တွေကို အဖြေရှာခဲ့ကြပါတယ်။
အဖွဲ့ဖော်တွေဖြစ်တဲ့ J-Hope နဲ့ RM တို့ရဲ့ solo album တွေ ထွက်ရှိလာပြီးနောက်မှာတော့ Jimin ရဲ့ လာမယ့် soloist လှုပ်ရှားမှုတွေကိုလည်း ပရိတ်သတ်တွေက စောင့်မျှော် နေကြတာပါ။
အပြာရောင် ဂျင်းဘောင်းဘီနဲ့ စိမ်းရင့် ခေါင်းစွတ်အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး မီးခိုးရောင် ဦးထုပ်၊ မျက်မှန်အမည်းတို့နဲ့ ပေါင်းဖက်ထားတဲ့ Jimin ရဲ့ ဖက်ရှင်ပုံစံကလည်း ပိုမိုပေါ့ပါးတဲ့ အသွင်အပြင်မျိုးကို ပြသခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Jimin ဟာ ဒီထွက်ခွာမှုနဲ့အတူ ARMY တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး စိတ်လှုပ်ရှားမှုတွေကို စုစည်းနိုင်ခဲ့သလို သီချင်းသစ်ထွက်ရှိတော့မယ်ဆိုတဲ့ ရင်ခုန်သံတွေကိုလည်း အမြန်နှုန်းအနေအထားထိရောက်အောင် နှိုးဆွသွားနိုင်ခဲ့ပါတယ်။