2NE1 ရဲ့ အဖွဲ့ဝင်အဖြစ် ထရိန်နင်ဘဝကိုဖြတ်သန်းခဲ့ဖူးတဲ့ Goo Hye Sun
2NE1 ရဲ့ အဖွဲ့ဝင်အဖြစ် ထရိန်နင်ဘဝကိုဖြတ်သန်းခဲ့ဖူးတဲ့ Goo Hye Sun
လတ်တလောမှာပဲ Goo Hye Sun ဟာ သူ့ရဲ့ Instagram မှာ ဓါတ်ပုံပေါင်းများစွာ တင်ထားခဲ့ပြီး “နောက်ဆုံး စာမေးပွဲရာသီ” လို့ caption တပ်ထားခဲ့ပါတယ်။
မင်းသမီး Goo Hye Sun ရဲ့ ချောမွေ့ကြည်လင်နေတဲ့ အသားအရေကို လူအများက အံ့အားသင့်နေရကြောင်း ဖော်ပြခဲ့ကြပြီး အထူးသဖြင့် မင်းသမီးဟာ ယခုနှစ်ထဲမှာ အသက် ၃၉ နှစ် ပြည့်မြောက်ခဲ့တာကြောင့် အရွယ်တင်နုပျိုလွန်းတဲ့ အလှတရားတွေကို လူအများက ချီးမွမ်းခဲ့ကြတာပါ။
တကယ်တမ်းတော့ ဒီလိုအလှတရားတွေနဲ့ မင်းသမီးချောဟာ SM Entertainment မှာ idol trainee ဖြစ်ခဲ့ဖူးပြီး အဲဒီနောက် Fin.K.L ရဲ့ အေဂျင်စီ DSP သို့ပြောင်းရွေ့ခဲ့ကာ Fin.K.L ရဲ့ ပွဲဦးထွက် အကြိုအစီအစဉ်မှာ အဓိက အဖွဲ့ဝင်တစ်ဦးအဖြစ် လေ့ကျင့်ခဲ့ပါတယ်။
ဒါပေမဲ့လည်း သူမဟာ ပွဲဦးထွက်မအောင်မြင်ခဲ့ဘဲ YG Entertainment ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ 2NE1 အဖွဲ့ဝင် Park Bom ရဲ့ အဆိုအရ Goo Hye Sun ဟာ YG က ဂန္တဝင် 2NE1 အဖွဲ့နဲ့ ပွဲဦးထွက်ဖို့ နီးစပ်ခဲ့တယ်လို့ သိရပါတယ်။
၂၀၀၉ ခုနှစ်မှာလည်း မင်းသမီးဟာ Mnet ရဲ့ “2NE1 TV” မှာ ပါဝင်လာခဲ့ပြီး အဖွဲ့ဝင်များနဲ့ သူမရဲ့ ထူးခြားတဲ့ဆက်ဆံရေးတွေကို ပြသခဲ့ဖူးပါတယ်။ Park Bom က Goo Hye Sun နဲ့ Sandara Park တို့နဲ့အတူ အဖွဲ့ဝင် သုံးယောက်အဖြစ် ပရိုမိုးရှင်းလုပ်မယ်လို့ ကြားခဲ့တဲ့နောက် YG ကို လာရောက်ခဲ့တယ်လို့တောင် ပြောခဲ့ပါတယ်။
Goo Hye Sun ဟာ သူမရဲ့ မင်းသမီးအဖြစ် ပွဲဦးမထွက်ခင်မှာ Idol တစ်ယောက်ဖြစ်ဖို့ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ပါတယ်။ Yang Hyun Suk ရဲ့ အကြံပြုချက်ကြောင့် သူမဟာ နောက်ဆုံးမှာတော့ မင်းသမီးဖြစ်လာခဲ့တာပါ။
ဒါပေမဲ့လည်း Goo Hye Sun က သူ့ရဲ့ စင်မြင့်ကိုကြောက်တတ်တဲ့ အခက်အခဲကို မဖြတ်ကျော်နိုင်ခဲ့ရှာပါဘူး။ စင်ပေါ်ရောက်ရင်း အရမ်းစိတ်လှုပ်ရှားလွယ်တာကြောင့် သူမရဲ့ဘဝဟာလည်း နာမည်ကျော် Idol တစ်ယောက်ဖြစ်လာဖို့၊ 2NE1 ရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ အခွင့်အရေးတွေနဲ့ ဝေးကွာခဲ့ရရှာပါတယ်။
ဒါပေမဲ့လည်း သရုပ်ဆောင်လောကမှာ Boys Over Flower က အစပြုပြီး နိုင်ငံတကာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုတွေကို ရရှိခဲ့ပြီး အခုချိန်ထိ နာမည်ကျော်မင်းသမီးအဖြစ် ရပ်တည်ထားနိုင်ခဲ့တာကြောင့် သူမဟာ အရည်အချင်းတွေ မြောက်များစွာ ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။