အမှားတွေကို ဝန်ချတောင်းပန်ပြီး Lee Seung Gi ကို ပေးရမယ့်ငွေအားလုံးကိုလည်း အပြည့်အဝတာဝန်ယူဖြေရှင်းပေးသွားမှာဖြစ်ကြောင်း ကတိပေးလာတဲ့ Hook Entertainment ရဲ့ CEO

Hook Entertainment ရဲ့ CEO ဖြစ်သူ Kwon Jin Young ဟာဆိုရင် သူမရဲ့အေဂျင်စီမှာ ၁၈ နှစ်တာမျှရှိလာခဲ့တဲ့ Lee Seung Gi အပေါ်မှာ မတရားအမြတ်ထုတ်မှုနဲ့ ပတ်သက်လို့ လက်ရှိအချိန်မှာ ပရိသတ်တွေရဲ့ အပြစ်တင်ဝေဖန်ခြင်းကို ပြင်းပြင်းထန်ထန်ရရှိနေသူဖြစ်ပါတယ်။
ဒီလိုမျိုးဝေဖန်ရှုံ့ချမှုတွေ၊ မုန်းတီးအပြစ်တင်မှုတွေကို ပြင်းထန်စွာရရှိခဲ့ပြီးနောက်မှာတော့ သူမဟာ သူမရဲ့အမှားတွေကို ဝန်ချတောင်းပန်ကြောင်းနဲ့ Lee Seung Gi ဆီက မတရားအမြတ်ထုတ်ထားတဲ့ ငွေကြေးတွေအကုန်လုံးကိုလည်း အပြည့်အဝတာဝန်ယူဖြေရှင်းပေးသွားဖို့ကတိပေးကြောင်းဆိုကာ တရားဝင်ထုတ်ပြန်လာခဲ့တာကို တွေ့ရပါတယ်။
အဆိုပါထုတ်ပြန်ချက်ထဲမှာတော့ သူမအနေနဲ့ ဒီအနုပညာလောကထဲမှာကျင်လည်လာခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ ကိစ္စပြသနာပေါင်းများစွာကို ကြုံတွေ့ခဲ့ရဖူးပေမယ့်လည်း အခုလိုမျိုးကြီးမားတဲ့အခက်အခဲကို ရင်ဆိုင်ရတာကတော့ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ မည်သည့်အငြင်းပွားစရာ ကိစ္စမှာမဆို အစနဲ့အဆုံးဆိုတာ ရှိတတ်ပေမယ့် သူမ ကိုယ်တိုင် ၂၅ နှစ်တာမျှအချိန်ပေးပြီး ဖန်တီးတည်ထောင်လာခဲ့တဲ့ Hook Entertainment ကိုတော့ မထိခိုက်စေလိုကြောင်းဆိုကာ ရေးသားထားပြီး သူမရဲ့ချို့ယွင်းမှုအမှားတွေကြောင့်လည်း အလေးအနက်ဦးညွှတ်တောင်းပန်ကြောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် Lee Seung Gi နဲ့ပတ်သက်တဲ့ ကိစ္စအဝဝကိုလည်း ခေါင်းရှောင်မနေဘဲ အပြည့်အဝတာဝန်ယူ ဖြေရှင်းပေးသွားမှာဖြစ်ကြောင်းနဲ့ သူမရဲ့လုပ်ရပ်တွေကြောင့် နေ့စဉ်လိုလို ရုံးမှာအခက်တွေ့နေရတဲ့ ဝန်ထမ်းတွေကိုလည်း တောင်းပန်ကြောင်းဆိုကာ တစ်ပါတည်းအသိပေးထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။
Ref : GStarLive
Nemo