၁၉ ရာစုက တော်ဝင်မင်းသားလေးတစ်ပါးလို ချောမောခန့်ညားနေတဲ့ V ရဲ့ ‘Veautiful Days’ ရုပ်ရှင်က ပုံရိပ်လေးများ

၁၉ ရာစုက တော်ဝင်မင်းသားလေးတစ်ပါးလို ချောမောခန့်ညားနေတဲ့ V ရဲ့ ‘Veautiful Days’ ရုပ်ရှင်က ပုံရိပ်လေးများ

Taehyung ရဲ့ စိတ်ကူးမှဆင်းသက်လာသော “Veautiful Days”  Photo-Folio ဟာ ၁၉ ရာစုက အမျိုးသားတစ်ယောက်ဘဝရဲ့ တစ်နေ့တာအား သူ့အမြင်ဖြင့် ပြန်လည်အဓိပ္ပာယ်ပြန်ဆိုထားပါတယ်။

နေ့တစ်နေ့ကို မြင်းစီးရင်း၊ နေရောင်ခြည်ထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း၊  နေ့ခင်းဘက်မှာ လက်ဖက်ရည်သောက်ရင်း၊ အနားယူရင်း နေရာအနှံ့အပြားကို ခရီးထွက်နေသူလေးအဖြစ် V က ပုံဖော်ထားပါတယ်။

Weverse ရဲ့ အဆိုအရ ပရိသတ်တွေဟာ  အသံတိတ်ရုပ်ရှင်ကို ကြည့်ရှုရမှာဖြစ်ပြီး ၁၉ ရာစုက အမျိုးကောင်းသားတစ်ယောက်ရဲ့ ကျက်သရေရှိစွာ ပြန်လည်ဖန်တီးထားတဲ့ နေ့တစ်နေ့ကို အရိပ်အမြွက် ခဲစားကြည့်ရှုသကဲ့သို့ အခန်းလေးခန်းကို လိုက်လံဖတ်ရှုရမှာဖြစ်ပါတယ်။

Taehyung က Jazz ဂီတကို နှစ်သက်သူဖြစ်ပြီး ဂန္တဝင်ခံစားချက်ကို သဘောကျကာ ဂန္တဝင်ဝတ်စုံများ၊ အိတ်ဆောင်နာရီများ အစရှိတဲ့ ရှေးဟောင်းအသုံးအဆောင်တွေကို အသုံးပြုထားသလို အဝတ်အစားနဲ့ ဖက်ရှင်အပိုင်းမှာ သူ့အရသာပေါ်အခြေခံ၍ ဂရုတစိုက် ရွေးချယ်ခဲ့ပါတယ်။

Taehyung ရဲ့ ဂုဏ်သိက္ခာရှိတဲ့ အချစ်ရေးအမြင်ကို ပြသထားသော Special 8 Photo-Folio “Me, Myself, and V – Veautiful Days” ကိုတော့ ဒီဇင်ဘာ ၉ ရက်နေ့မှာ Weverse Shop မှတစ်ဆင့် ကြိုတင်မှာယူနိုင်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ တရားဝင် ဖြန့်ချိလာမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x