“The Glory” drama က သူမရဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီး အကောင်းဆုံးကြိုးစားထားကြောင်း ပြောကြားလာတဲ့ Song Hye Kyo

“The Glory” drama က သူမရဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီး အကောင်းဆုံးကြိုးစားထားကြောင်း ပြောကြားလာတဲ့ Song Hye Kyo

Song Hye Kyo ရဲ့ “The Glory” ဇာတ်လမ်းတွဲသစ်ငတော့ အကြိုပုံရိပ်တွေအဖြစ် drama ရဲ့ အခိုက်အတန့်တချို့ကို ထုတ်ဖော်ပြသလာခဲ့ပါပြီ။

“The Glory” ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကျောင်းတွင်းအကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ဖူးသူတစ်ယောက်ရဲ့ သူမ အနိုင်ကျင့်ခံရမှုများကို လက်စားချေတဲ့အနေဖြင့် သူမကို အနိုင်ကျင့်ခဲ့တဲ့သူ ကလေးရဲ့ မူလတန်းကျောင်း ဆရာမဖြစ်လာပြီးနောက် လက်စားချေပုံ ဇာတ်လမ်းကို ဖော်ကျူးထားတာပါ။

ဒီ drama ကို “Goblin”, “Descendants of the Sun”, “Heirs” နဲ့ “Secret Garden” တို့လို နာမည်ကြီး drama တွေကို ရေးသားခဲ့သူ Kim Eun Sook က ရေးသားထားတာဖြစ်တာကြောင့် Song Hye Kyo နဲ့ ဒုတိယအကြိမ် တွဲဖက်မှုမှာ ပရိသတ်တွေက မျှော်လင့်ချက်တွေ မြင့်မားနေကြပါတယ်။

Song Hye Kyo နဲ့အတူ မင်းသားချော Lee Do Hyun ကလည်း အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သွားမှာဖြစ်ပြီး Song Hye Kyo ကတော့ လက်စားချေရမယ့် ဇာတ်ဆောင် Moon Dong Eun အဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Lee Do Hyun က အမျိုးသားဇာတ်ဆောင် Joo Yeo Jung အဖြစ် သရုပ်ဆောင်သွားမှာပါ။

သူမရဲ့ ကာရိုက်တာနဲ့ပတ်သတ်ပြီး Song Hye Kyo က “သူမဟာ နှစ်သိမ့်မှုများစွာလိုအပ်တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သနားစရာကောင်းတဲ့ပုံစံနဲ့ သူမကို ပုံမဖော်ခဲ့ဘူး” လို့ ဆိုသွားခဲ့ပြီး “သူမရဲ့ လေသံနဲ့ အသေးစိတ်အချက်အလက်တွေကို ဇာတ်လမ်းရိုက်ကူးနေစဥ်မှာ ဂရုတစိုက် အာရုံစိုက်ခဲ့ပါတယ်။” လို့ ပြောပြလာခဲ့ပါတယ်။

Song Hye Kyo အနေနဲ့ ဒီ drama ထဲမှာ သူမရဲ့လုပ်ကွက်တွေကို ပေါ်ပေါ်လွင်လွင် ပြသနိုင်မှာဖြစ်ပြီး Moon Dong Eun ရဲ့ နာကျင်မှုတွေနဲ့ အငြိုးကြီးမှုတွေကို ဘယ်လိုမျိုးပုံဖော်သွားမလဲဆိုတာကိုတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကျရင် ကြည့်ရှုမြင်တွေ့သွားရပါတော့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x