Naeun နဲ့ Lee Soo Hyuk တို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းများထွက်ပေါ်

Naeun နဲ့ Lee Soo Hyuk တို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းများထွက်ပေါ်

Apink အဖွဲ့ဝင်ဟောင်းနဲ့ မင်းသမီးချော Son Naeun နဲ့ model-မင်းသားချော Lee Soo Hyuk တို့ရဲ့ dating သတင်းတွေဟာ အင်တာနက်တစ်ခွင်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

ဒီသတင်းတွေအပြီး online community forum တစ်ခုမှာ netizens တွေက ယခင်က Apink အဖွဲ့ဝင်ဟောင်းနဲ့ မင်းသားနဲ့ ပတ်သက်တဲ့ အထောက်အထားများကို စုဆောင်းခဲ့ကြပြီး အထောက်အထားများအရ Son Naeun နဲ့ Lee Soo Hyuk နှစ်ဦးစလုံးဟာ ချိန်းတွေနေကြကြောင်း သုံးသပ်ခဲ့ကြပါတယ်။

နှစ်ယောက်သားဟာ တူညီတဲ့ စားသောက်ဆိုင်တစ်ခုမှာ အသုပ်အတူတူစားခဲ့ကြကြောင်း၊ တူညီတဲ့ gym မှာပဲ တူညီတဲ့ personal trainer တို့နဲ့အတူ အားကစားလုပ်ခဲ့ကြပြီး နံနက်တိုင်းမှာလည်း တရားထိုင်ခြင်းတို့ကအစ တူညီတဲ့ ဝါသနာမျိုးတွေရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Lee Soo Hyuk မှာ Girls’ Generation အဖွဲ့ဝင် Taeyeon နဲ့ Tiffany ကို Follow လုပ်ထားတဲ့ သူ့ရဲ့ တရားဝင်မဟုတ်တဲ့ Instagram အကောင့်တစ်ခုလည်း ရှိပါသေးတယ်။ အကြောင်းရင်းကတော့ သူတို့ဟာ Naeun ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်မလို့ပါ။

ထူးခြားတာကတော့ SNSD ထဲမှာ Taeyeon နဲ့ Tiffany တို့ကိုသာ follow ထားတာဖြစ်ပြီး အခြားအဖွဲ့ဝင်များရဲ့ အကောင့်တွေကိုတော့ follow ထားခြင်း မရှိပါဘူး။

ယခင်ကလည်း Apink အဖွဲ့ဝင်ဟောင်းက သူမဟာ နိုင်ငံခြားရုပ်ထွက်နဲ့ ယောက်ျားပီသသော အမျိုးသားများကို နှစ်သက်ကြောင်း မှတ်ချက်ပြုခဲ့သလို သူတို့နှစ်ဦးဟာ ‘စုံတွဲပစ္စည်း’ လိုမျိုး တူညီတဲ့ဦးထုပ်ကိုလည်းပိုင်ဆိုင်ကြပါတယ်။

Instagram မှာလည်း သူတို့ဟာ တူညီတဲ့ ရုပ်ရှင်ကို ပို့စ်တင်ထားခဲ့ပြီး အလားတူ update မျိုးကို ယခင်ကလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ ဒီလိုအချက်တွေကြောင့်လည်း netizens တွေဟာ Naeun နဲ့ Lee Soo Hyuk တို့ကို တွဲနေကြကြောင်း ယူဆနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x