အကဲဖြတ်ကျွမ်းကျင်တွေရွေးချယ်ထားတဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသောကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ (၁၀) တွဲ

ဒီတစ်ခါတင်ဆက်ပေးသွားမှာကတော့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသောဒရမ်မာဇာတ်လမ်းတွဲ (၁၀) တွဲအဖြစ် ရွေးချယ်ခံထားရတဲ့ ဇာတ်ကားတွေဖြစ်ကြပြီး ဒီလိုရွေးချယ်မှုကိုတော့ ရုပ်ရှင်အကဲဖြတ်ကျွမ်းကျင်တွေ၊ စာနယ်ဇင်းသမားတွေနဲ့ တီဗွီအစီအစဉ်တင်ဆက်မှုနယ်ပယ်ထဲမှ ဝေဖန်ရေးသမားတွေမှ ပါဝင်အကဲဖြတ်ပေးထားတာဖြစ်ပါတယ်။
အဆိုပါရွေးချယ်မှုရလဒ်ကိုတော့ တောင်ကိုရီးယားနိုင်ငံအခြေစိုက် ရုပ်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Cine21 ကနေ မျှဝေပေးထားတာ တွေ့ရပြီး ယင်းဇာတ်ကားတွေဟာဆိုရင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ အခု ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့အတွင်း ပြသခဲ့တဲ့ဒရမ်မာဇာတ်လမ်းတွဲတွေထဲမှဖြစ်တယ်လို့ သိရပါတယ်။
Cine21 ကနေထုတ်ဖော်ကြေညာလာတဲ့ ရလဒ်တွေမှာတော့ ‘Extraordinary Attorney Woo’ က ပထမနေရာ၊ ‘Little Women’ က ဒုတိယနေရာနဲ့ ‘My Liberation Notes’ ကိုကတော့ တတိယနေရာမှာအသီးသီးတွေ့ရပါတယ်။
အဲဒီနောက်မှာတော့ ‘The Red Sleeve’, ‘Anna’ director’s edition, ‘Twenty-five Twenty-one’, ‘Yumi’s Cells Season 2’, ‘Juvenile Justice’, ‘Hunted’ နဲ့ ‘Weak Hero Class 1’ တို့က အစဉ်လိုက်ဆိုသလို အသီးသီးရပ်တည်လျက်ရှိနေကြတာ ဖြစ်ပါတယ်။
‘Extraordinary Attorney Woo’ ဇာတ်ကားဟာဆိုရင် မွေးရာပါအော်တစ်ဇင်တစ်ယောက်ဖြစ်ပေမယ့် ဉာဏ်ရည်ထက်မြတ်လွန်းတဲ့ ရှေ့နေမလေး Woo Young Woo အကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲမျိုးဖြစ်ပြီး ပြသစဉ်အချိန်ကတည်းက အောင်မြင်မှုတွေအများအပြားရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။
Ref : GStarLive
Nemo