ချစ်သူတွေဖြစ်သွားကြပြီလို့ယူဆနိုင်တဲ့ Nine နဲ့ Baifern တို့ရဲ့ ပုံရိပ်အချို့ထွက်ပေါ်လာ

“Friend Zone” ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကိုအထူးရရှိခဲ့တဲ့ မင်းသား Nine Naphat နဲ့ မင်းသမီး Baifern Pimchanok တို့ဟာဆိုရင် လက်ရှိအချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေအဆင့်ကို ကျော်လွန်ဖိူ့အတွက် ခြေလှမ်းစတင်နေပြီဆိုတာကို ပရိသတ်တို့အနေနဲ့ သိရှိထားကြပြီးဖြစ်မှာပါ။
Nine က သူ့အနေနဲ့ Baifern အပေါ်မှာ သူငယ်ချင်းတစ်ယောက်ထက်ပိုတဲ့ ခံစားချက်တွေရှိနေပြီဖြစ်ကြောင်းနဲ့ Baifern ကိုလည်း သူ့ရဲ့ ခံစားချက်တွေဖွင့်ဟခဲ့ပြီးဖြစ်ကြောင်းကို ပြီးခဲ့တဲ့လတုန်းက ပွဲအခမ်းအနားတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာဖွင့်ဟပြောပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Baifern ကလည်း သူမအနေနဲ့ Nine ရဲ့ ဖွင့်ဟမှုအတွက် အဖြေကို သူမကိုယ်တိုင် Nine ကို ပြောသွားမှာဖြစ်တယ်လို့ အသိပေးလာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ နှစ်ယောက်လုံးဟာ ဒီအကြောင်းနဲ့ပတ်သက်လို့ ဖွင့်ဟလာခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေကလည်း သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးအကြောင်းကို မေးခွန်းထုတ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း လတ်တလောရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာအထက်မှာထွက်ပေါ်လာတဲ့ Nine နဲ့ Baifern တို့ရဲ့ပုံရိပ်တွေအချို့ကတော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ဘယ်လိုအခြေအနေရှိနေပြီဆိုတာကို သိသာထင်ရှားစွာဖော်ပြလို့နေပါတယ်။
အဲဒီပုံတွေကတော့ နှစ်ယောက်သား ဘန်ကောက်မြို့အလည်မှာ အတူလည်ပတ်နေကြတဲ့ပုံတွေဖြစ်ပြီး ယင်းပုံတွေထဲမှာဆိုရင် Baifern ကို ဓာတ်ပုံရိုက်ပေးနေတဲ့ Nine ကိုလည်းမြင်တွေ့ရသလို Nine ရဲ့ လက်မောင်းကိုချိတ်ပြီးလည်ပတ်နေတဲ့ Baifern ကိုလည်း တွေ့မြင်နိုင်ပါတယ်။
ဒါကြောင့် နှစ်ယောက်လုံးက သူတို့ရဲ့ဆက်ဆံရေးအကြောင်းကို ရှင်းရှင်းလင်းလင်းအသိပေးထားခြင်းမရှိသေးမဲ့ အခုလိုထွက်ပေါ်လာတဲ့ပုံတွေကနေတော့ ပရိသတ်တွေအနေနဲ့ သိရှိသဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။
Nemo