Baifern နဲ့ First Date အကြောင်းကို ဖွင့်ဟပြောလာတဲ့ Nine Naphat

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်မင်းသမီး Baifern Pimchanok နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိနေတဲ့ မင်းသား Nine Naphat ဟာဆိုရင် လတ်တလောမှာ ပွဲအခမ်းအနားတစ်ခုကိုတက်ရောက်ခဲ့ပြီး ယင်းပွဲရဲ့အင်တာဗျူးမှာ ပရိသတ်တွေသိချင်နေကြတဲ့ သူနဲ့ Baifern တို့ရဲ့အကြောင်းကို ဖွင့်ဟပြောပြသွားခဲ့ပါတယ်။
အဲဒါကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဘန်ကောက်မြို့ရှိ တရုတ်တန်းမှ Yaowarat လမ်းအပေါ်မှာ နှစ်ယောက်အတူ လျှောက်လည်နေကြတဲ့ သူတို့နှစ်ဦးရဲ့ပုံတွေအကြောင်းပါပဲ။ လူစည်ကားလွန်းလှတဲ့ ဒီလိုနေရာမျိုးကိုသွားရတဲ့ အကြောင်းအရင်းကတော့ အဲဒီမှာရှိတဲ့အစားအသောက်တွေကို မြည်းစမ်းစားကြည့်ချင်တာကြောင့်ဖြစ်ပြီး အဲဒီလိုသွားဖို့ကိုလည်း သူ့ဘက်ကနေ Baifern ကို တောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအခါမှာ အင်တာဗျူးမေးကြတဲ့သတင်းထောက်တွေက “ဒါဟာ သူတို့နှစ်ဦးရဲ့ First Date လား” လို့ဆိုကာ မေးခွန်းထုတ်ခဲ့ကြပြီး ဒီမေးခွန်းကိုတော့ Nine က ခေါင်းညိတ်ပြီးတော့သာ ဖြေဆိုပေးသွားခဲ့တာကို တွေ့ရပါတယ်။
Nine ဟာဆိုရင် သူ့အနေနဲ့ Baifern အပေါ်မှာ သာမန်မိတ်ဆွေသူငယ်ချင်းထက်ပိုတဲ့ ခံစားချက်ရှိနေပြီဆိုတာကို သူကိုယ်တိုင် Baifern ကို ဖွင့်ဟပြောခဲ့တဲ့အပြင် ပရိသတ်တွေကိုလည်း ပြီးခဲ့တဲ့လအကုန်ပိုင်းလောက်တုန်းက တရားဝင်အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ Baifern ကလည်း သူမရဲ့ အဖြေကို သူမကိုယ်တိုင် Nine ကို ပြောသွားမှာဖြစ်ကြောင်း အင်တာဗျူးတစ်ခုကနေ အသိပေးလာခဲ့တာဖြစ်ပြီး ဒီလိုမျိုး အသိပေးပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ Yaowarat လမ်းမတန်းပေါ်မှာ နှစ်ယောက်ဒိတ်နေတဲ့ပုံတွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ဒါကြောင့်သတင်းထောက်တွေကလည်း Baifern အနေနဲ့ Nine ကို ဘယ်လိုစကားတွေပြောခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး Nine ဆီ ထပ်မံမေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် Nine က အဲဒီအချိန်တုန်းက Baifern က သူ့ကို နစ်ကိုယ်ကြား တိုးတိုးတိတ်တိတ်ပြောခဲ့ကြောင်းနဲ့ အဲဒီစကားတွေကိုတော့ သူ တစ်ယောက်တည်းသာ သိစေလိုတာကြောင့် ထုတ်ဖော်ပြောလိုခြင်းမရှိကြောင်းဆိုကာ သတင်းထောက်တွေရဲ့ မေးခွန်းကိုပြန်လည်တုံ့ပြန်ခဲ့တာ တွေ့ရပါတယ်။
Ref : Thai Update
Nemo