Jin အပေါ်မှာ လိုတာထက်ပိုပြီးဂရုစိုက်လွန်းနေတာကြောင့် ဝေ‌ဖန်အပြစ်တင်မှုတွေကိုရရှိခဲ့တဲ့ ARMYs များ

Jin အပေါ်မှာ လိုတာထက်ပိုပြီးဂရုစိုက်လွန်းနေတာကြောင့် ဝေ‌ဖန်အပြစ်တင်မှုတွေကိုရရှိခဲ့တဲ့ ARMYs များ

ပြီးခဲ့တဲ့လပိုင်းအတွင်း BTS ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ARMYs တွေကိုသာမက Kpop ပရိသတ်တွေကိုပါ စိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့သတင်းတစ်ခုကတော့ BTS အဖွဲ့ဝင် Jin တစ်ယောက် စစ်မှုထမ်းဆောင်တဲ့သတင်းပါပဲ။

အခုဆိုရင်တော့ Jin က စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်နေရပြီဖြစ်ပြီး အခြေခံစစ်သင်တန်းကိုလည်း ၅ ပတ်ကြာမျှ လေ့ကျင့်သင်ကြားနေရပြီဖြစ်ပါတယ်။ Jin အနေနဲ့ လက်ရှိအချိန်မှာ ဒီလိုစစ်သင်တန်းကိုတက်ရောက်နေပေမဲ့လည်း ARMYs တွေကတော့ တခြားစစ်သားမိသားစုဝင်တွေရဲ့ ဝေဖန်အပြစ်တင်မှုကိုရရှိနေတာ ‌‌‌တွေ့ရပါတယ်။

ဒီလိုဝေဖန်ကြတဲ့အကြောင်းအရင်းကတော့ Jin တစ်ယောက် စစ်မှုထမ်းပြီးနောက်မှာ များစွာလှတဲ့ ARMYs တွေက နိုင်ငံလုံးဆိုင်ရာ စစ်တပ်ဆက်သွယ်ရေးဝန်ဆောင်မှု website တစ်ခုဖြစ်တဲ့ ‘The Camp’ ဆီကိုရောက်ရှိလာခဲ့ပြီး Jin အပေါ်ထားရှိတဲ့ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေအကြောင်းကို ရေးသားခဲ့ကြတဲ့အတွက်ကြောင့်ပါပဲ။

‘The Camp’ ဆိုတာကတော့ စစ်မှုထမ်းမစမီ၊ စစ်မှုထမ်းစဉ်ကာလနဲ့ စစ်မှုထမ်းပြီးနောက်မှာ စစ်မှုထမ်းတွေနဲ့ သူတို့တွေရဲ့ မိသားစုဝင်တွေအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုတွေကိုပေးဆောင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး စစ်အာဏာပိုင်တွေနဲ့ သက်ဆိုင်ခြင်းအလျဉ်းမရှိတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

Jin စစ်မှုထမ်းဝင်ရောက်ပြီးချိန်မှာတော့ အဆိုပါဝက်ဘ်ဆိုဒ်ဘုတ်ရဲ့ “5th Division Family Room” မှာ ARMYs တွေက Jin ကို နေထိုင်မှုပုံစံ၊ အစားအသောက်၊ အစရှိသဖြင့်သောကိစ္စတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း မှာကြားထားတဲ့စာတွေကို တင်လာခဲ့တာတွေ့ရပြီး ပရိသတ်တစ်ဦးဆိုရင်လည်း “အဲဒီကကျွေးတဲ့ အစားအသောက်တွေထဲမှာ အာလူး၊ ကြက်သွန်ဖြူနဲ့ ငါးတွေကိုရော မကြာမကြာကျွေးလေ့ရှိလား .. Seokjin က အဲဒါတွေနဲ့ မတည့်ဘူးနော် … ဒါကြောင့် မေးကြည့်တာပါ” လို့ဆိုကာ ရေးသားထားတာကို တွေ့ရပါတယ်။

အဲဒီအခါမှာတော့ “5th Division Family Room” ကို ကိုင်တွယ်ထိန်းသိမ်းသူတစ်ယောက်ဖြစ်တဲ့ Admin A က “သူက မူကြိုကလေးမှမဟုတ်တော့တာ …. နောက်ပြီး စစ်တပ်ထဲမှာက ဒါတွေအကုန်လုံးကို နားလည်ထားကြပြီးသား .. ဒါကြောင့်လည်း ချက်ပြုတ်ပေးတဲ့သူက အစားအသောက်ကို စနစ်တကျနဲ့ ထိန်းသိမ်းပေးသွားမှာပါ” လို့ဆိုကာ တုံ့ပြန်ပြောခဲ့ပါတယ်။

ဒါ့အပြင် တခြားစစ်သားတွေရဲ့ မိသားစုဝင်တွေကလည်း Jin နဲ့ ပတ်သက်ပြီး ARMYs တွေရဲ့ ရေးသားမှုပို့စ်တွေဟာ မရေတွက်နိုင်‌လောက်အောင် များပြားလွန်းတဲ့အတွက် တခြားသူအတွက် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ဆိုကာ အပြစ်တင်ဝေဖန်ခဲ့ကြပြီး ဒီဘုတ်စာမျက်နှာဟာဆိုရင် Jin တစ်ယောက်တည်းအတွက်ကြောင့်ရှိနေတာမဟုတ်ဘဲ တခြားစစ်သားတွေနဲ့ မိသားစုဝင်တွေအတွက်ပါ ဆက်သွယ်ရေးပေါင်းကူးတံတားတစ်ခုသဖွယ်ဖြစ်တာကြောင့် ဆင်ခြင်ထိန်းသိမ်းပေးကြဖို့ တောင်းဆိုထားကြတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x