ဒရမ်မာရိုက်ကူးရေးပြီးစီးသွားပြီဖြစ်တာကြောင့် စစ်မှုထမ်းဆောင်ဖို့အသင့်စောင့်ဆိုင်းနေတဲ့ Nam Joo Hyuk

ဒီဇင်ဘာလ ၂၀ ရက်နေ့ ဒီနေ့မှာထွက်ရှိလာတဲ့သတင်းတစ်ခုကတော့ မင်းသား Nam Joo Hyuk ဟာဆိုရင် သူ့ရဲ့ ဒရမ်မာဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ ‘Vigilante’ ကို ပြီးခဲ့တဲ့အပတ်တုန်းကရိုက်ကူးပြီးစီးသွားခဲ့ပြီဖြစ်တယ်ဆိုတာပါပဲ။

ဒါကြောင့် သူဟာ လက်ရှိအချိန်မှာ စစ်မှုထမ်းဆောင်ဖို့အမိန့်ကျလာမှာကို စောင့်ဆိုင်းနေလျက်ရှိပြီး အဆိုပါ ‘Vigilante’ ကိုကတော့ သူ စစ်မှုထမ်းဆောင်နေမယ့်ကာလအတွင်းမှာ ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီနေ့အချိန်ထိ စစ်မှုထမ်းဆောင်ဖို့ခေါ်စာက မရောက်ရှိလာသေးတာကြောင့် အခု ဒီဇင်ဘာလထဲမှာတော့ စစ်မှုထမ်းရဦးမှာမဟုတ်ဘဲ လာမယ့် ဇန်နဝါရီ (သို့မဟုတ်) ဖေဖော်ဝါရီကိုရောက်တော့မှသာလျှင် စတင်စစ်မှုထမ်းသွားရနိုင်ချေရှိပါတယ်။

Nam Joo Hyuk ဟာဆိုရင် Twenty-Five Twenty-One ဇာတ်လမ်းတွဲနဲ့ပရိသတ်တွေရဲ့ အားပေးကြိုက်နှစ်သက်မှုကို တစ်ခဲနက်ရရှိခဲ့သူဖြစ်သလို ပြီးခဲ့တဲ့လပိုင်းတွေတုန်းကတော့ ကျောင်းတွင်းအုပ်စုဖွဲ့အနိုင်ကျင့်မှုသတင်းတွေကြောင့် ဝေဖန်မှုတွေကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။

Ref : GStarLive

Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x