အချစ်ဆုံးသူငယ်ချင်း Lee Byung Hun ရဲ့ ဇနီးဖြစ်သူ Lee Min Jung နဲ့ Kiss Scene ရိုက်ကူးရတဲ့ခံစားချက်ကို ဝေမျှပြောပြလာခဲ့တဲ့ Kwon Sang Woo

ဇာတ်လမ်းတွဲတွေကိုသာ အသားပေးရိုက်ကူးပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးတွေကို အချိန် ၁၀ နှစ်မျှရပ်နားထားခဲ့တဲ့ မင်းသမီး Lee Min Jung ဟာ အခုဆိုရင် Switch ရုပ်ရှင်ကားနဲ့ ပိတ်ကားအထက်ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
အခု ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းလည်း အဆိုပါရုပ်ရှင်ကားရဲ့ သတင်းစာရှင်းလင်းပွဲကို တခြားတွဲဖက်သရုပ်ဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပြီး ဒီလိုရုပ်ရှင်ဇာတ်ကားပြန်လည်ရိုက်ကူးမှုနဲ့ ပတ်သက်လို့ဖွင့်ဟပြောခဲ့ကာ အဲဒီလိုပြောခဲ့အထဲမှာဆိုရင် ခင်ပွန်းဖြစ်သူ Lee Byung Hun ရဲ့ သူငယ်ချင်း Kwon Sang Woo နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့အကြောင်းတွေလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။
Kwon Sang Woo နဲ့ ဒီလိုသရုပ်ဆောင်ရတာနဲ့ပတ်သက်ပြီး ခင်ပွန်းသည် Lee Byung Hun ရဲ့တုံ့ပြန်မှုကို မေးမြန်းရာမှာတော့ Lee Min Jung က “သားလေးက အိမ်မှာရှိနေတော့ ကျွန်မ အမျိုးသားက ကျွန်မကို သားဆီသွားပြီး ဒီရုပ်ရှင်ကို ကြည့်မှာလား၊ မကြည့်ဘူးလားဆိုပြီး မေးခိုင်းတယ်လေ … အမှန်တိုင်းပြောရရင်တော့ တချို့အခန်းတွေက ပြဖို့သင့်တော်ရဲ့လားဆိုပြီး စဉ်းစားနေတုန်းပါပဲ” လို့ဆိုကာ ရယ်ရယ်မောမောနဲ့ ဖြေဆိုပြောပြသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Kwon Sang Woo ကလည်း Lee Min Jung နဲ့ တွဲဖက်သရုပ်ဆောင်ရတာနဲ့ပတ်သက်လို့ “ဇာတ်ကားထဲမှာ ကျွန်တော်တို့က လင်မယားတွေလိုမျိုး သရုပ်ဆောင်ရတာဆိုတော့ နမ်းတဲ့အခန်းကတော့ပါတာပေါ့လေ.. ဒါပေမဲ့ အရိုးသားဆုံးပြောရရင်တော့ အဲဒီလိုအခန်းတွေရိုက်ရတာ နေလို့သိပ်အဆင်မပြေဘူးဗျ … ဒါပေမဲ့ Lee Min Jung ကိုယ်တိုင်ကျကတော့ သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်တာမျိုး မတွေ့ရဘဲ ဇာတ်ကားထဲမှာပဲ စိတ်နှစ်ထားတာဗျ …”
“ဒီတော့ တကယ်လို့ အစ်ကို့အနေနဲ့ ဒီဇာတ်ကားကို ကြည့်ဖြစ်တဲ့အခါကျရင် Lee Min Jung ကို ချီးကျူးလိမ့်မယ်လို့ထင်ပါတယ် … ပြောမယ့်သာပြောရတာ ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့တုံ့ပြန်မှုဘယ်လိုရှိတယ်ဆိုတာကို သိချင်မိသား …” လို့ဆိုကာ ပြောသွားခဲ့တာကို တွေ့ရပါတယ်။
အဆိုပါ Switch ရုပ်ရှင်ဇာတ်ကားကိုတော့ အခု လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ စတင်ရုံတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo