နဂိုကထက် ပိုမိုပိန်သွယ်လွန်းနေတဲ့ ကိုယ်ခန္ဓာပုံစံကြောင့် ကျန်းမာရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုစိုးရိမ်ပူပန်စေခဲ့တဲ့ Taeyeon

ထိပ်တန်းဝါရင့်အဆိုတော် Idol တစ်ယောက်ဖြစ်တဲ့ Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon ဟာဆိုရင် ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Louis Vuitton နဲ့ ကမ္ဘာ့အဆင့်လက်မှုပညာရှင် Yayoi Kusama တို့ပူးပေါင်းဖန်တီးထားတဲ့အိတ်ကို ကိုင်ဆောင်ပြီးရိုက်ကူးထားတဲ့ ပုံရိပ်အချို့တို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ မနေ့တုန်းက သူမရဲ့အင်စတာဂရမ် စာမျက်နှာကနေတစ်ဆင့် မျှဝေဖော်ပြခဲ့ပါတယ်။
အဲဒီပုံတွေထဲမှာဆိုရင် သူမရဲ့လက်ရှိခန္ဓာကိုယ်အချိုးအစားပုံစံဟာ ပရိသတ်တွေ သူမကို နောက်ဆုံးတွေ့မြင်ထားတဲ့ပုံစံထက် သိသိသာသာပိုပြီးပိန်သွယ်နေတာကြောင့် ပရိသတ်တွေမှာ သူမရဲ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်ခဲ့ကြရတာကို တွေ့ရပါတယ်။
ဒါကြောင့် အဆိုပါပို့စ်ရဲ့ ကွန်မန့်ဘောက်စ်ကနေတစ်ဆင့် ပရိသတ်တွေက သူမကို ကျန်းမာရေးဂရုစိုက်ဖို့အတွက် မှာကြားထားကြပြီး သူမ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူမ ဘက်ကနေရှိနေမှာဖြစ်တာကြောင့် သူမအနေနဲ့ ပရိသတ်တွေ မှာကြားတာကို လိုက်နာဖို့ကိုလည်း တောင်းဆိုထားကြလျက်ရှိပါတယ်။
Ref : GStarLive
Nemo