သရုပ်ဆောင်မင်းသမီးအဖြစ် ပွဲဦးထွက်သွားမယ့် SM Rookies အဖွဲ့ဝင်ဟောင်း Lami

K-pop ပရိသတ်တွေ၊ အထူးသဖြင့် SM Entertainment ရဲ့ ပရိသတ်တွေအနေနဲ့ ကောင်းကောင်းရင်းနှီးကြမယ့် SM Rookies မှ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်သူ Lami ဟာဆိုရင် မကြာခင်အချိန်အတွင်းမှာ သရုပ်ဆောင်မင်းသမီးအဖြစ် ပွဲဦးထွက်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။
Lami ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်နီးပါးအချိန် ၂၀၁၃ ခုနှစ်တုန်းက Red Velvet အဖွဲ့ခေါင်းဆောင် Irene ၊ NCT အဖွဲ့ဝင် Jaehyun တို့နဲ့အတူ SM Rookies အဖြစ် တရားဝင်မိတ်ဆက်ခံခဲ့ရသူဖြစ်ပြီး အဲဒီအချိန်တုန်းက သူမရဲ့ အသက်ဟာ ၁၀ နှစ်အရွယ်မျှသာရှိသေးတာဖြစ်ပါတယ်။
SM Rookies ဆိုတာကတော့ မကြာခင်အချိန်အတွင်းမှာ ပွဲထွက်လာမယ့် သူတို့ကုမ္ပဏီမှ Trainee တွေကို SM Entertainment ဘက်က ပရိသတ်တွေနဲ့ တရားဝင်မိတ်ဆက်ပေးတဲ့အဖွဲ့ပုံစံမျိုးဖြစ်ပြီး Lami ဟာဆိုရင် Red Velvet ရဲ့ပွဲဦးထွက် MV ဖြစ်တဲ့ “Happiness” မှာ ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။
ဒါ့အပြင် သူမဟာ လက်ရှိ NCT DREAM အဖွဲ့ဝင်တွေအဖြစ် ရပ်တည်နေလျက်ရှိကြတဲ့ Mark, Jeno, Jaemin, Haechan, Jisung တို့နဲ့လည်း ၂၀၁၅ ခုနှစ်တုန်းက Disney Channel Korea ကနေထုတ်လွှင့်သွားတဲ့ “The Mickey Mouse Club” မှာပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။
ငယ်စဉ်အရွယ်ကတည်းက ပရိသတ်တွေနဲ့ ဒီလိုမျိုးရင်းနှီးလာတဲ့ သူမကို အရွယ်ရောက်လာတဲ့အချိန်မှာ Idol တစ်ယောက်အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း ၂၀၁၆ ခုနှစ်ကနေစလို့ SM Rookies အဖြစ် မြင်တွေ့ခဲ့ရတော့ခြင်းမရှိတာကြောင့် သူမရဲ့အနုပညာလမ်းကြောင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေမှာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထွက်ရှိလာခဲ့တဲ့ သတင်းတွေအရဆိုရင် သူမဟာ SM Entertainment ရဲ့ လက်အောက်ကနေ သရုပ်ဆောင်မင်းသမီးအဖြစ် ပွဲထွက်လာတော့မှာဖြစ်တယ်လို့သိရပြီး ဒီသတင်းက မှန်ကန်မှုရှိကြောင်းကိုလည်း အေဂျင်စီဘက်မှ အတည်ပြုထုတ်ပြန်ပေးထားပါတယ်။
တကယ်တော့ Lami ဟာ SM Rookies မဖြစ်ခင်အချိန်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် လှုပ်ရှားခဲ့ဖူးသူဖြစ်ပြီး Lee Ji Ah နဲ့ Jin Se Yeon တို့လို နာမည်ကြီးမင်းသမီးတွေရဲ့ ငယ်ဘဝဇာတ်ကောင်နေရာတွေကနေ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
Ref : Soompi
Nemo