လာမယ့်နှစ်ထဲမှာ Bible နဲ့ Build တို့ကို BL စီးရီးအသစ်မှာ ခေါင်းဆောင်မင်းသားတွေအဖြစ် တွေ့မြင်သွားရနိုင်ဖွယ်ရှိ

လက်ရှိထိုင်း BL လောကရဲ့ နာမည်ကြီးစုံတွဲတစ်တွဲဖြစ်တဲ့ Bible နဲ့ Build တို့နှစ်ယောက်ဟာဆိုရင် လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ BL စီးရီးအသစ်တစ်ခုကို ရိုက်ကူးသွားဖို့ရှိပြီး အဆိုပါစီးရီးထဲမှာဆိုရင်တော့ သူတို့နှစ်ဦးကို ခေါင်းဆောင်မင်းသားတွေအဖြစ် မြင်တွေ့သွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီအကြောင်းကိုတော့ သူတို့နဲ့ကုမ္ပဏီတူ လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ Apo Nattawin က ဒီဇင်ဘာလ ၂၂ ရက်နေ့ မနေ့တုန်းက တက်ရောက်ခဲ့တဲ့ BVLGARI ပွဲအခမ်းအနားမှာ ထုတ်ဖော်ပြောပြသွားခဲ့တာဖြစ်ပါတယ်။
Apo ရဲ့ပြောစကားအရဆိုရင် အဆိုပါစီးရီးအသစ်အတွက် ပြင်ဆင်မှုတွေကို လက်ရှိမှာပြုလုပ်နေပြီဖြစ်ပြီး Bible နဲ့ Build တို့ကိုယ်တိုင်ကလည်း ယင်းစီးရီးရဲ့ဇာတ်လမ်းပုံစံကို အလွန်ကြိုက်နှစ်ကြတယ်လို့ သိရပါတယ်။
အဲဒီအခါမှာတော့ Apo နဲ့အတူ ပွဲတက်ခဲ့တဲ့ Build က “Spoilers ဖြစ်မှာစိုးလို့ အများကြီးတော့မပြောချင်ပေမယ့် ဇာတ်လမ်းကတော့ အရမ်းကောင်းပါတယ် … ကျွန်တော်နဲ့ Bible ကိုယ်တိုင်ကလည်း တကယ်ကြိုက်ပါတယ် … သေချာပေါက် အကောင်းဆုံးထွက်ရှိလာမယ်လို့လည်း မျှော်လင့်ပါတယ်” လို့ဆိုကာ ပြောသွားခဲ့တာကို တွေ့ရပါတယ်။
Nemo