“Secret Garden” ထဲမှာဝတ်ဆင်ခဲ့တဲ့ Tracksuits တွေကို အခုထိအိမ်မှာသိမ်းထားတယ်ဆိုတဲ့ Hyun Bin

ကိုရီးယားအနုပညာလောကရဲ့ နာမည်ကျော်ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Hyun Bin ကို အောင်မြင်မှုလမ်းကြောင်းပေါ် တင်ဆောင်ပေးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ မင်းသမီး Ha Ji Won နဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ “Secret Garden” ဇာတ်လမ်းတွဲကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့အောင်မြင်မှုကိုဖော်ပြရမယ်ဆိုရင် ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်းအချို့ကို ပြန်လည်တုပဖန်တီးပြီး ရိုက်ကူးခဲ့တာတွေရှိခဲ့သလို ဇာတ်လမ်းထဲမှာ Hyun Bin ဝတ်ဆင်ခဲ့တဲ့ဖက်ရှင်ပုံစံတစ်မျိုးဟာဆိုရင်လည်း ပရိသတ်တွေအကြားမှာ ရေပန်းစားခဲ့တာကို တွေ့ရပါတယ်။

အဲဒါကတော့ တစ်မူထူးခြားပြီး ထင်းထွက်နေတဲ့ Tracksuits တွေပဲဖြစ်ပါတယ်။ အခုဆိုရင် အဆိုပါဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြီးစီးခဲ့တာ ၁၃ နှစ်ပတ်ဝန်းကျင်မျှရှိနေပြီ ဖြစ်ပေမယ့်လည်း Hyun Bin ကတော့ သူဝတ်ဆင်ခဲ့တဲ့ ယင်းဝတ်စုံတွေကို ယနေ့အချိန်ထိ သူ့အိမ်မှာ သိမ်းဆည်းထားဆဲဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ Hyun Bin က ဒီဇင်ဘာလ ၂၂ ရက်နေ့ မနေ့တုန်းကထွက်ရှိလာခဲ့တဲ့ Esquire Korea မဂ္ဂဇင်းရဲ့ အင်တာဗျူးထဲမှာ ဖွင့်ဟပြောပြသွားခဲ့ပါတယ်။ Hyun Bin ရဲ့ စကားအရဆိုရင်တော့ “Secret Garden” ထဲမှာ သူဝတ်ဆင်ခဲ့တဲ့ Tracksuits အရေအတွက်က စုစုပေါင်း ၄ စုံရှိပြီး အဲဒီ ၄ စုံလုံးကို သိမ်းဆည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုသိမ်းဆည်းထားတဲ့ဝတ်စုံတွေကို ထုတ်ရောဝတ်ဖြစ်လားဆိုပြီး မေးမြန်းခဲ့ရာမှာတော့ Hyun Bin က ပြတ်ပြတ်သားသား ငြင်းဆိုသွားခဲ့တာကို တွေ့ရပါတယ် “အဲဒါတွေကိုလား … မဝတ်ဘူးဗျ … ဇာတ်ကားရိုက်တုန်းကဆိုရင် အဲဒီဝတ်စုံတွေကို ကြိမ်ဖန်များစွာ ဝတ်ဆင်ခဲ့ရတာဆိုတော့ အခု မဝတ်ချင်တော့ဘူး”

“ဒီအတိုင်းပဲ အဝတ်ဗီဒိုထဲထည့်ပြီးသိမ်းထားတာ … ဘာလို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲက တစ်ကမ္ဘာလုံးပရိသတ်တွေအများကြီးရဲ့ အားပေးမှုကိုအများကြီးရရှိခဲ့တဲ့ ဇာတ်ကားလေ … နောက်ပြီး အဲဒီဝတ်စုံတွေကိုပြင်ဆင်ပေးခဲ့တဲစတိုင်လစ်နဲ့ကလည်း ဒီနေ့အထိ ရင်းနှီးနေတာဆိုတော့ တန်ဖိုးထားတဲ့အနေနဲ့ အိမ်မှာသေချာသိမ်းထားလိုက်တာ” လို့ဆိုကာ Hyun Bin က သူ့ရဲ့ဖြစ်အင်ကို ပြောပြသွားခဲ့တာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x