Han So Hee ရဲ့ Comment တစ်ခုကြောင့် အမှတ်မထင်နာမည်ကြီးသွားခဲ့တဲ့ Mobile Game

လတ်‌တလောတောင်ကိုရီးယားနိုင်ငံအတွင်းမှ အွန်လိုင်းအသုံးပြုသူပရိသတ်တွေအကြားမှာ မိုဘိုင်းလ်ဂိမ်းကြော်ငြာတစ်ခုနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုအထူးမြင့်တက်လျက်ရှိနေပါတယ်။

သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ အဆိုပါဂိမ်းကြော်ငြာဟာ ထူးခြားဆန်းပြားတဲ့အကြောင်းအရာတွေမပါဝင်တဲ့ သာမန်ဂိမ်းကြော်ငြာတစ်ခုသာဖြစ်ပေမဲ့လည်း ကြော်ငြာပို့စ်ရဲ့ Comment Box ထဲက Comment တစ်ခုကတော့ လူတွေရဲ့စိတ်ဝင်စားမှုအာရုံကို တစ်ဟုန်ထိုးမြင့်တက်သွားစေခဲ့တာ ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ ယင်း Comment ကိုရေးသားခဲ့တဲ့သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ Han So Hee ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။

အဆိုပါ Comment မှာဆိုရင်တော့ Han So Hee က “ဒီတော့ ခွေးလေးကို ပျားတွေအကိုက်မခံရအောင် ငါက ဘယ်လိုမျဉ်းမျိုးဆွဲပေးရမှာလဲ” လို့ဆိုကာ ဂိမ်းနဲ့ပတ်သက်လို့ သူမ သိချင်တဲ့မေးခွန်းကို မေးမြန်းထားတာဖြစ်ပြီး သူမရဲ့ ဒီမေးခွန်းဟာဆိုရင် မြင်တွေ့သူပရိသတ်တွေတိုင်းကို သဘောကျရယ်မောစေခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေကလည်း “အမယ်လေး…Han So Hee ရုတ်တ‌ရက်ရောက်လာပါလား”၊ “မေးတဲ့ပုံစံလေးက ချစ်စရာကောင်းလိုက်တာ” ၊ “သူ့ comment ကိုမြင်လို့ ငါတော့ဂိမ်းကိုဒေါင်းလုဒ်ဆွဲလိုက်ပြီ”၊ “ဂိမ်းကုမ္ပဏီသူဌေးကတော့ Han So Hee ရဲ့ Comment ကြောင့် အခုချိန်ပြုံးပျော်နေတော့မှာ အသေအချာပဲ” လို့ဆိုကာ အသီးသီး မှတ်ချက်တွေပေးခဲ့ကြတာကို တွေ့ရပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x