၂၀၂၂ ခုနှစ်ရဲ့ အဆိုးရွားဆုံးတွေအဖြစ်ရွေးချယ်ခံလိုက်ရတဲ့ Serve the People ဇာတ်ကားနဲ့ မင်းသမီး Ji Ahn

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Sports Kyunghyang ကနေ ၂၀၂၂ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းရလဒ်တစ်ခုကို ထုတ်ဖော်ချပြခဲ့ပါတယ်။ အဲဒါတော့ ကိုရီးယားအနုပညာအတွင်းမှ သတင်းထောက်တွေ ရွေးချယ်မဲပေးထားတဲ့ ၂၀၂၂ ခုနှစ်အတွင်း အဆိုးရွားဆုံးသော ဇာတ်ကားတွေနဲ့ သရုပ်ဆောင်တွေရဲ့အမည်စာရင်းပါပဲ။

၂၀၂၂ ခုနှစ်အတွက် အဆိုးဝါးဆုံးသောရုပ်ရှင်ဇာတ်ကားအဖြစ် အမည်သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်ကားကတော့ ဒါရိုက်တာ Jang Chul Soo ရိုက်ကူးတဲ့ ‘Serve the People’ ဖြစ်ပြီး ဒီဇာတ်ကားကိုရွေးချယ်ခဲ့ကြတဲ့ မဲအရေအတွက်ဟာဆိုရင် မဲပေးသူဦးရေရဲ့ တစ်ဝက်ကျော်တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ Carter နဲ့ Alienoid တို့က မဲအရေအတွက် ၉ မဲ၊ ၇ မဲနဲ့ အသီးသီးရပ်တည်နေကြပြီး ၂၀၂၂ ခုနှစ်ရဲ့ အဆိုးရွား‌ဆုံးသော သရုပ်‌ဆောင်စာရင်းထဲမှာတော့ Serve the People ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသမီး Ji Ahn က မဲအရေအတွက် ၂၁ မဲနဲ့ ပထမနေရာယူထားကာ မင်းသားကြီး So Ji Sub ကတော့ မဲအရေအတွက် ၆ မဲနဲ့ ဒုတိယနေရာမှာရှိလို့နေတာ ဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x